၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်း ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ တရုတ်နိုင်ငံ၏ ရေခဲဆီးနှင်းအလှတရား ဓာတ်ပုံပြပွဲ - နွေးထွေးကြည်နူး တရုတ်နှစ်သစ်ကူး
တရုတ်နွေဦးနှစ်သစ်ကူး ရောက်ခါနီးနေပြီဆိုလျှင် အချင်းချင်း လွမ်းဆွတ်တမ်းတနေကြသော မိသားစုဆွေမျိုးသားချင်းများ တစ်ယောက်တစ်နယ် ဌာနေအသီးသီးမှ ဇာတိမြေသို့ ပြန်လာ၍ နွေးထွေးစွာ ပြန်လည်ဆုံစည်းကြခြင်းသည် တရုတ်လူမျိုးတို့၏ ရေခဲဆီးနှင်း အလှရသတစ်မျိုး ဖြစ်လာခဲ့သည်။
နှင်းအိမ်လေးတစ်လုံး တည်ဆောက်၍ အရောင်အသွေး စုံလင်လှပသော ဇာတ်လမ်းပုံပြင်များကို တန်ဖိုးထားသိမ်းဆည်းထားသည်။ ဆောင်းရာသီ ရေခဲနှင်းတောအောက် ပိုက်ကွန်ထောင်ငါးဖမ်း၍ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နှစ်သစ်အချိန်အခါကို ရရှိခံစားကြသည်။ တချို့က မီးခိုးငွေ့တလူလူအကြား လက်ဖက်ရည်ကျိုချက်ရင်း ရေခဲပန်းဆွဲ သဘာဝရှုခင်းအား ကြည့်ရှုခံစားရခြင်းကို နှစ်သက်၍ အချို့ကတော့ ရေခဲမှတ်အောက် အနုတ် ၄၀ ဒီဂရီရှိ ပွဲတော်အခမ်းအနားတွင် ပျော်ရွှင်မြူးကြွမှုစိတ်များကို ပေါ့ပါးလွတ်လပ်စွာ တစ်ဝကြီး ထုတ်ဖော်ပြသရခြင်းကို ပိုမိုနှစ်သက်ကြသည်။
ထိုကာလတွင် တိုင်းရင်းသား ရိုးရာဓလေ့များကို လေ့လာခံစားခြင်း၊ မီးအလှများကို ကြည့်ရှုခြင်း၊ မီးပုံးပဟေဠိများကို ခန့်မှန်းဖြေဆိုခြင်းတို့ဖြင့် ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲကြသည်။ မီးခိုးရောင်အုတ်ကြွပ်မိုးဝယ် ဆီးနှင်းဖြူများကျလို့ရယ်၊ အိမ်တိုင်းနေရာတိုင်းမယ် စားကောင်းသောက်ဖွယ်များအပြည့်နှင့် မြို့ရွာကျေးလက်ဒေသ နေရာအနှံ့ “နှစ်သစ်ကူးအငွေ့အသက်” များဖြင့် ပြည့်နှက်နေပေတော့သည်။