၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ “ပေကျင်းယဉ်ကျေးမှုအနှစ်သာရများ” ကဏ္ဍတွဲဗီဒီယိုအတို - မြို့ပြထဲမှ ဆိတ်ငြိမ်အေးချမ်းရာ အိပ်မက်ကမ္ဘာငယ်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-12-02 12:34:16


WeChat Image_20221124113622.jpg



ပေကျင်းမြို့ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဦးစီးဌာနမှ စီစဉ်ထုတ်လုပ်ထားသော “ပေကျင်းယဉ်ကျေးမှုအနှစ်သာရများ” ကဏ္ဍတွဲဗီဒီယိုအတိုများအနက် တစ်ခုဖြစ်သည့် “မြို့ပြထဲမှ ဆိတ်ငြိမ်အေးချမ်းရာ အိပ်မက်ကမ္ဘာငယ်” ဗီဒီယိုသည် ပေကျင်းမြို့၏ အချက်အချာနေရာတွင် တည်ရှိသော ချန်မန် (Qianmen) စန်းလီဟယ်မြစ် (Sanlihe) ရှိ တံတားငယ်များ၊ ရေစီးကြောင်းများ၊ လူနှင့် နေအိမ်များအကြောင်းကို စူးစမ်းလေ့လာရန် ခေါ်ဆောင်သွားမည်ဖြစ်သည်။ 


နာမည်ကျော် ပေကျင်းအော်ပရာပြဇာတ်သရုပ်ဆောင် မေလန်ဖန်း (Mei Lanfang) ယခင်နေထိုင်ခဲ့သည့်အိမ်၏ နံဘေးတွင် မင်မင်းဆက်ခေတ်က တည်ဆောက်ခဲ့သော ဆေးရောင်စုံခန်းမ ရှိပြီး ပူဇော်ကန်တော့ခြင်းနှင့် အော်ပရာပြဇာတ်ကြည့်ခြင်းများ ပြုလုပ်နိုင်ပါသည်။ ပေကျင်းအော်ပရာ၏ မေ(Mei)အနုပညာကို လက်ဆင့်ကမ်း အမွေဆက်ခံသူဖြစ်သော Beijing Peking Opera Company မှ လူငယ်သရုပ်ဆောင် ပိုင်ကျင်း (Bai Jin)  သည် မေလန်ဖန်း၏ အောင်မြင်ခဲ့သော “The Drunken Concubine” အော်ပရာပြဇာတ်ကို ခံစားချက်အပြည့်ဖြင့် ဖျော်ဖြေတင်ဆက်ပေးထားပါသည်။


စိတ်ညှိုးငယ်ဖွယ် ပေကျင်းအော်ပရာသံစဉ်သည် ရှေးဟောင်းခန်းမအား တစ်ဖန်ပြန်လည်တောက်ပလာစေပေသည်။


WeChat Image_20221124113634.jpg