၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်း ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ “ပေကျင်းယဉ်ကျေးမှုအနှစ်သာရများ” ကဏ္ဍတွဲဗီဒီယိုအတို - အနာဂတ်သို့ အတူလှမ်းမယ်
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-12-04 21:27:30
ဝမ်ကျားရွှင် (Wang Jiaxun) စည်းချက်တူရိယာတေးဂီတအဖွဲ့မှ ရှိုကန်းပန်းခြံ (Shougang) အတွင်း ဖျော်ဖြေတင်ဆက်ထားသော “အနာဂတ်သို့ အတူလှမ်းမယ်” သီချင်းသည် မူရင်းတေးသီချင်းပုံစံ၏ အခြေခံပေါ်တွင် စည်းချက်တူရိယာ ဂီတသံစဉ် အမျိုးအစုံအလင်တို့ကို ထပ်မံပေါင်းစပ်တီးခတ်၍ ဖန်တီးပုံဖော်ထားပါသည်။
နှစ်ပေါင်းရာကျော် သက်တမ်းကာလကို ဖြတ်သန်းလာခဲ့ရသော သံမဏိစက်ရုံဝင်းအတွင်း စည်းချက်တူရိယာတို့မှ မြည်ဟည်းထွက်ပေါ်လာသည့် ဂီတသံစဉ်များ၏ ပဲ့တင်သံများက အိပ်မောကျငြိမ်သက်နေသော သံရည်ကျိုမီးဖိုများကို ပြန်လည်အသက်ဝင်လာစေပြီး အိုလံပစ်အားကစားသမားများ အောင်မြင်မှုပန်းတိုင်သို့ အရောက်လှမ်းနိုင်ရေး၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးအတွက် ခွန်အားပေးနေပါသည်။
Prev:၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ - “နှင်းလျှောစီးမယ် ဆောင်းတွင်းအချိန် ဟယ်ပေပြည်နယ်ဝယ်” ဓာတ်ပုံပြပွဲ
Next:၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ “ပေကျင်းယဉ်ကျေးမှုအနှစ်သာရများ” ကဏ္ဍတွဲဗီဒီယိုအတို - မြို့ပြထဲမှ ဆိတ်ငြိမ်အေးချမ်းရာ အိပ်မက်ကမ္ဘာငယ်