ရောင်စုံယူနန် ကမ္ဘာ့ဥယျာဉ်မြေ - ဆင်တို့လှည့်လည်ကျက်စားရာမြေ ဆစ်ဆောင်ပန်းနားဒေသမှ ကြိုဆိုပါ၏

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-11-06 21:22:39


ဗီဒီယိုကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



ယူနန်ပြည်နယ်၏ ခရီးသွားအကြောင်းအရာများကို မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုသူ မိတ်ဆွေပရိသတ်များအား ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ မိတ်ဆက်ပေးနိုင်ရန်အတွက် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် ယူနန်ပြည်နယ်ရှိ ပြည်နယ်ခွဲနှင့် မြို့ဒေသ (၁၆)ခု၏ ခရီးသွားပုံရိပ်အကြောင်း မိတ်ဆက်ဗီဒီယိုများကို အပိုင်းဆက်များဖြင့် တင်ဆက်ပြသလျက် ရှိပါသည်။


WeChat Image_20221104183034.png


ဆစ်ဆောင်ပန်းနားဒေသ (Xishuangbanna) သည် ယူနန်ပြည်နယ်၏ အနောက်တောင်ဘက်စွန်းတွင် တည်ရှိပြီး ယင်းဒေသသည် တရုတ်နိုင်ငံ၏ တစ်ခုတည်းသော အပူပိုင်းမိုးသစ်တော သဘာဝထိန်းသိမ်း‌ရေးနယ်မြေလည်းဖြစ်သည်။ သစ်တောတွင်းရှိ သစ်ပင်များသည် မိုးထိအောင် ထူထဲမြင့်မားစွာ ပေါက်ရောက်နေပြီး သစ်တောကြီးကလည်း မိုင်ရာချီကျော် ရှည်လျားကျယ်ပြန့်စွာ ရှိနေပါသည်။ မြူမှုန်များ အုံ့ဆိုင်းရစ်ခွေနေသည့်အကြားတွင် ဆင်များ၊ ပြောင်များ၊ ဖွတ်များနှင့် မျောက်လွှဲကျော်များ အစရှိသည့် အဖိုးတန်ရှားပါးတိရစ္ဆာန်မျိုးစိတ်များက လှုပ်ရှားသွားလာနေကြပါသည်။


WeChat Image_20221104183048.png

WeChat Image_20221104183050.png


ဆစ်ဆောင်ပန်းနားဒေသသို့ ရောက်ရှိလာပါက လျှို့ဝှက်ဆန်းကြယ်သော မိုးသစ်တောဖြစ်စေ၊ သိမ်မွေ့နူးညံ့လှပသော တိုင်လူမျိုး (Dai) တို့၏ ရိုးရာဓလေ့ပုံစံဖြစ်စေ၊ ပီလောပီနံဝါးရိပ်များအောက် အုံ့ဆိုင်းနေသော ခန့်ညားထည်ဝါဖွယ် ဘုရားစေတီပုထိုးနှင့် ဘုရားကျောင်းဆောင်များဖြစ်စေ အရာအားလုံးတို့သည် လာရောက်လည်ပတ်သူများအဖို့ မေ့မရနိုင်လောက်အောင်ပင် အမှတ်ရတမ်းတနေစေပါသည်။