တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား - ဟယ်ပေပြည်နယ်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-11-03 16:07:34


ဗီဒီယိုနှင့် ဓာတ်ပုံများကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား” ကဏ္ဍတွဲဆိုင်ရာ ဗီဒီယိုများကို မိတ်ဆက်ပေးသွားမည်ဖြစ်ကာ တရုတ်နိုင်ငံရှိ ပြည်နယ်အဆင့် အုပ်ချုပ်ရေးဒေသများအလိုက် ပိုင်းခြား၍ တင်ဆက်ထားသည်။ ဤအချိန်တစ်မိနစ်အတွင်းတွင် နေရာတစ်ခုချင်းစီ၏ တစ်မူထူးခြားသော ခရီးသွားယဉ်ကျေးမှုအရင်းအမြစ်များကို ပြသထားပြီး ကြည့်ရှုသူပရိသတ်တို့အတွက် တစ်မိနစ်စာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းအလှများကို တင်ဆက်ပေးသွားမည် ဖြစ်ပါသောကြောင့် ဆက်လက်စောင့်မျှော်ကြည့်ရှုရန်အတွက် သတင်းကောင်းပါးပါရစေရှင်။



ဟယ်ပေပြည်နယ် (Hebei) 


ဟယ်ပေပြည်နယ် (Hebei) သည် သာယာလှပသော ရှုမျှော်ခင်းများနှင့် ကြီးကျယ်ခမ်းနားသော ယဉ်ကျေးမှုများရှိနေသည့် နေရာတစ်နေရာဖြစ်သည်။ ကမ္ဘာ့အမွေအနှစ်ဖြစ်သော ချိန်တယ် (Chengde) နွေရာသီအပန်းဖြေစံအိမ်တော်ကြီးသည် ရှေးဆန်ရိုးရှင်း၍ သက်ဝင်လှုပ်ရှားမှုအပြည့် ရှိလှသည်။ မဟာတံတိုင်းကြီး၏ ကျင်းဆန်းလင်အပိုင်း (Jinsanling) သည် ခမ်းနားထည်ဝါလှကာ ချင်းမင်းဆက်ခေတ်၏ အရှေ့တော်ဝင်ဂူဗိမာန်နှင့် အနောက်တော်ဝင်ဂူဗိမာန်တို့သည် ထိုမင်းဆက်ကာလ၏ စည်ပင်ဝပြောခဲ့မှုနှင့် ပျက်သုဉ်းလာခဲ့ပုံများကို သက်သေပြုနေ၍ မဟာတူးမြောင်းကြီး၏ ဟယ်ပေအပိုင်းသည် နှစ်ထောင်ချီကြာ သမိုင်းအမွေအနှစ်များကို ထင်ကျန်ရစ်စေခဲ့ပါသည်။


WeChat Image_20221103110313.jpg


ဤနေရာတွင် ရှီးပိုင်ဖောမြို့လေး (Xibaipo) ကဲ့သို့သော တော်လှန်ရေးအထွတ်အမြတ်ဆိုင်ရာ ခရီးသွားနေရာ၊ ပါ့စန့်မြက်ခင်းလွင်ပြင် (Bashang) ကဲ့သို့သော အစိမ်းရောင်ဂေဟစနစ်၊ ပေသိုက်ဟော် (Beidaihe) ကဲ့သို့သော ကြည်ပြာရောင်ပင်လယ်ကမ်းစပ်နှင့် ချုန်လီဒေသ (Chongli) ကဲ့သို့သော ငွေမှုန်ဆီးနှင်းဖွေး ရှုခင်းအလှများလည်း ရှိသည်။ မင်းနေပြည်တော် အနီးအနားဝန်းကျင်က ကျက်သရေအဖြာဖြာနှင့် ပြည့်စုံသည့် ဟယ်ပေပြည်နယ်သို့ သွားရောက်လည်ပတ် လေ့လာခံစားကြရအောင်လားရှင်။


WeChat Image_20221103110418.jpg

WeChat Image_20221103110515.jpg

WeChat Image_20221103110537.jpg

WeChat Image_20221103110720.jpg