လှပစုံလင် ယူနန်ပြည် - ရောင်စုံယူနန်မြေ၏ သဘာဝမြေမျက်နှာသွင်ပြင်များ
ဗီဒီယိုကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံ၏ အနောက်တောင်ဘက်နယ်စပ်ဒေသတွင် တည်ရှိပြီး တောင်တန်းကုန်းပြင်မြင့် မြေမျက်နှာသွင်ပြင်လက္ခဏာရှိသည်။ ပြည်နယ်တစ်ခွင်လုံး မြစ်ချောင်းများ ဖြတ်သန်းစီးဆင်းနေပြီး ရေကန်အင်းအိုင်များလည်း ပေါများလှသည်။ တစ်မူထူးခြားသော ပထဝီဝင်အနေအထားများက ထူးခြားဆန်းပြားသည့် ရာသီဥတုအခြေအနေများကို ဖြစ်ပေါ်စေကာ ပြည်နယ်တစ်ခုတည်းတွင် အအေးပိုင်းဇုန်၊ သမပိုင်းဇုန်နှင့် အပူပိုင်းဇုန်ဒေသ ရာသီဥတု (၃)မျိုးလုံး ရှိနေသည်ကို တွေ့မြင်နိုင်ပေသည်။
တစ်မူထူးခြားသော ပထဝီဝင်အနေအထားနှင့် ရာသီဥတုအခြေအနေများကြောင့် ယူနန်ပြည်နယ်တွင် တိရစ္ဆာန်နှင့် အပင်မျိုးစိတ်များ အလွန်ပေါကြွယ်ဝကာ ယင်းပြည်နယ်ကို “တိရစ္ဆာန်များကမ္ဘာ”နှင့် “အပင်များကမ္ဘာ” ဟု တင်စားခေါ်ဝေါ်ကြသည်။
ဆန်းကြယ်လှပသော ဤဂဝံမြေနီပေါ်တွင် တိုင်းရင်းသားလူမျိုးပေါင်း (၂၆) မျိုး စုစည်းနေထိုင်ကြပြီး တိုင်းရင်းသားလူမျိုးအသီးသီးတို့၏ ကြိုးပမ်းအားထုတ်မှု၊ ရဲရင့်တက်ကြွမှု၊ အဆိုအက ကျွမ်းကျင်တတ်မြောက်မှု၊ ရိုးရှင်းဖြူစင်ပြီး ရင်းနှီးဖော်ရွေမှုများက မရေမတွက်နိုင်လောက်အောင်ပင် များပြားပြီး ထူးခြားထင်ရှား၍ အသွင်စုံလင်သော တိုင်းရင်းသားယဉ်ကျေးမှုများကို ဖန်တီးဖြစ်ထွန်းစေခဲ့ပါသည်။
ယခုတစ်ခေါက် တင်ဆက်ပေးသွားမည့် “ရောင်စုံယူနန်မြေ၏ သဘာဝမြေမျက်နှာသွင်ပြင်များ” အစီအစဉ်သည် လူငယ်ခရီးသွား၏ ရှုထောင့်အမြင်ဖြင့် အရောင်အသွေးစုံလင်သော ယူနန်ပြည်နယ်သို့ သွားရောက်၍ ဆန်းကြယ်လှပသော သဘာဝရှုမျှော်ခင်းများကို လေ့လာခံစားစေမည်ဖြစ်သည်။ ထို့အပြင် လွတ်လပ်ပွင့်လင်းသော တိုင်းရင်းသားဓလေ့ရိုးရာမျိုးစုံတို့ကို တွေ့မြင်ခံစားစေကာ ခရီးစဉ်အတွင်း ယူနန်ပြည်နယ်မှ ပေးစွမ်းသည့် အတွေ့အကြုံအသစ်အဆန်း အထွေအပြားတို့အား ရှာဖွေခံစားနိုင်မည် ဖြစ်သည်။