လှပသော တရုတ်နိုင်ငံ - ကွမ်ရှီးပြည်နယ် ပါးမာကောင်တီ၏ ခရီးသွားအရင်းအမြစ်များ မိတ်ဆက်ခြင်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-10-29 16:42:43


WeChat Image_20221028131306.jpg



ပါးမာကောင်တီ (Bama) သည် ကွမ်ရှီးပြည်နယ် (Guangxi) ၏ အနောက်မြောက်ပိုင်းတွင် တည်ရှိပါသည်။ နှစ်ပေါင်းရာထောင်ချီ ကြာမြင့်ခဲ့ပြီးနောက်တွင် စိမ်းစိုသာယာသော တောင်တန်းများ၊ ပြာလဲ့လဲ့ ရေပြင်များ၊ ဆန်းကြယ်သော လိုဏ်ဂူများ၊ လှပသော သဘာဝရှုမျှော်ခင်းများ အသီးသီး ဖြစ်ပေါ်လာပြီး ပါးမာကောင်တီအား သာယာလှပခြင်း၊ ထူးခြားဆန်းကြယ်ခြင်း၊ သက်ရှည်ကျန်းမာခြင်းနှင့် ရိုးရာဓလေ့အငွေ့အသက်များ အစရှိသည့် တစ်မူထူးခြားသော ဆွဲဆောင်မှုအလှတရားများဖြင့် လွှမ်းမိုးစေခဲ့ပါသည်။



ဤနေရာတွင် ဗြိတိသျှတော်ဝင်စူးစမ်းလေ့လာရေးအဖွဲ့ (British Royal Caving Association) မှ “ကမ္ဘာ့အခမ်းနားဆုံးလိုဏ်ဂူ” ဟု တင်စားခဲ့သည့် ပိုင်မော်လိုဏ်ဂူ (Baimo) ၊ အိပ်မက်အလား ထင်မှတ်မှားရသည့် ပိုင်နျောင်ရန် ရေပေါ်ထုံးကျောက်လိုဏ်ဂူ (Bainiaoyan) ၊ ကြည်လင်တောက်ပနေသော မြေအောက်အနုပညာသိုက် ဆွေကျင်းကုံးနန်းတော် (Crystal Palace) ၊ ရေပြင်နှင့် ကောင်းကင်ပြင် တစ်သားတည်း တစ်ရောင်တည်း ကျနေသည့် ချိဖူရေကန် (Cifu) ၊ လုံဟုန် (Longhong) ကျေးလက်ရှုမျှော်ခင်း၊ မိုးမျှော်ရှေးဟောင်းသစ်ပင်ကြီးများရှိသော နုံ့ယိုမူလသဘာဝသစ်တော (Nongyou) နှင့် ဟောင်လုံတွင်းနက် (Haolong) စသည့် နေရာများ ရှိပါသည်။


WeChat Image_20221028131345.jpg


ပါးမာကောင်တီသည် ရှေးယခင်အချိန်ကတည်းကပင် သက်ရှည်နယ်မြေ ဖြစ်ခဲ့ပါသည်။ ယခုလက်ရှိ၌ ပါးမာကောင်တီတစ်ခုလုံးတွင် အသက်ရာကျော်ဘိုးဘွား အယောက်ပေါင်း (၉၀)ကျော် ကျန်းကျန်းမာမာ ရှိနေဆဲဖြစ်ပြီး လူဦးရေ အယောက် (၁)သိန်းတိုင်းတွင် သက်ရာကျော်ဘိုးဘွား အယောက် (၃၀)ကျော်ရှိကာ ကမ္ဘာက အသိအမှတ်ပြု လက်ခံထားသည့် “သက်ရှည်နယ်မြေ” စံနှုန်း၏ (၅)ဆနီးပါး ရှိသဖြင့် ကမ္ဘာ့သက်ရှည်နယ်မြေ ပီသလှပေသည်။