လှပစုံလင် ယူနန်ပြည် ကမ္ဘာ့သဘာဝအမွေအနှစ် ကောင်းလီကုန့်တောင်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-10-23 14:58:56


ဗီဒီယိုကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



ယူနန်ပြည်နယ်၏ ခရီးသွားအကြောင်းအရာများကို မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုသူ မိတ်ဆွေပရိသတ်များအား ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ မိတ်ဆက်ပေးနိုင်ရန်အတွက် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် ယူနန်ပြည်နယ်ရှိ ပြည်နယ်ခွဲနှင့် မြို့ဒေသ (၁၆)ခု၏ ခရီးသွားပုံရိပ်အကြောင်း မိတ်ဆက်ဗီဒီယိုများကို အပိုင်းဆက်များဖြင့် တင်ဆက်ပြသလျက် ရှိပါသည်။



ပေါင်စန်းမြို့ (Baoshan) သည် ယူနန်ပြည်နယ်၏ အနောက်ဘက်ပိုင်းတွင် တည်ရှိသည်။ ဂေဟစနစ် ကောင်းမွန်ပြီး သယံဇာတအရင်းအမြစ် ပေါများ၍ ယဉ်ကျေးမှု နက်ရှိုင်းကြွယ်ဝကာ “ကမ္ဘာ့အဆင့်ရှိ အရင်းအမြစ်ကြီးသုံးခု” ရှိသည်။



ယင်းဒေသတွင် ကမ္ဘာ့အကောင်းဆုံး ရာသီဥတုနှင့် ဂေဟစနစ်များရှိပြီး ဥတုလေးပါးလုံးမှာ နွေဦးရာသီကဲ့သို့ သာယာလှပကာ သဘာဝအောက်ဆီဂျင် ကြွယ်ဝရာဒေသတစ်ခုလည်း ဖြစ်ပေသည်။



ပေါင်စန်းမြို့တွင် ကမ္ဘာ့အဆင့်ရှိ ဘူမိဗေဒဆိုင်ရာ အံ့ဖွယ်နေရာများရှိသည်။ ကောင်းလီကုန့်တောင်တန်း (Gaoligong) သည် ကမ္ဘာ့ဇီဝအဝန်းထိန်းသိမ်းရေးနယ်မြေဖြစ်ပြီး ကမ္ဘာ့သဘာဝအမွေအနှစ် “မြစ်သုံးစင်းအပြိုင်စီးဆင်းရာဒေသ (Three Parallel Rivers)” ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။ ထိန်ချုံးမီးတောင် (Tengchong) သည် ကမ္ဘာ့သက်တမ်းအနုဆုံး သက်နှောင်းကပ် (Cenozoic Era) ၏ မီးတောင်သေအစုအဝေးဖြစ်သည်။



ဤဒေသတွင် ကမ္ဘာ့အဆင့်ရှိ ယဉ်ကျေးမှုများ၏ လွှမ်းမိုးသက်ရောက်မှုတို့ကို တွေ့မြင်နိုင်ကာ ပေါင်စန်းမြို့သည် မြို့တည်သမိုင်းသက်တမ်း နှစ်ပေါင်း (၂၀၀၀)ကျော် ရှိနေပြီဖြစ်သည်။ မင်ခေတ်အထင်ကရပုဂ္ဂိုလ် ရွှီရှာခယ့် (Xu Xiake) က ထိန်ချုံးမြို့အား “နယ်စပ်အစွန်အဖျား ပထမမြို့တော်” အဖြစ် အမွှမ်းတင်ပြောဆို၍ ဟယ်ရွှင့်ရှေးဟောင်းမြို့ငယ် (Heshun) ကိုလည်း “တရုတ်နိုင်ငံ၏ ဆွဲဆောင်မှုအရှိဆုံးမြို့လေး” ဟု အများက တင်စားခေါ်ဝေါ်ကြသည်။