လှပစုံလင် ယူနန်ပြည် ကမ္ဘာ့ "ဝ" တိုင်းရင်းသားတို့ဌာနေ ထာဝရနွေဦး လင်ချန်းမြေ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-10-16 16:17:00


ဗီဒီယိုကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



ယူနန်ပြည်နယ်၏ ခရီးသွားအကြောင်းအရာများကို မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုသူ မိတ်ဆွေပရိသတ်များအား ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ မိတ်ဆက်ပေးနိုင်ရန်အတွက် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် ယူနန်ပြည်နယ်ရှိ ပြည်နယ်ခွဲနှင့် မြို့ဒေသ (၁၆)ခု၏ ခရီးသွားပုံရိပ်အကြောင်း မိတ်ဆက်ဗီဒီယိုများကို အပိုင်းဆက်များဖြင့် တင်ဆက်ပြသလျက် ရှိပါသည်။



လင်ချန်း (Lincang) ဟူသော မြို့အမည်သည် လန်ချန်းမြစ်နှင့် နယ်နိမိတ်ထိစပ်နေသည်ကို အစွဲပြုမှည့်ခေါ်ထားခြင်း ဖြစ်ပါသည်။ လင်ချန်းမြို့၏ တစ်နှစ်ပတ်လုံး ပျမ်းမျှအပူချိန်သည် (၁၄) ဒီဂရီမှ (၂၆) ဒီဂရီကြားတွင်ရှိပြီး ယင်းမြို့၏ ဥတုလေးပါးလုံးမှာ အပူချိန်ပြောင်းလဲမှုကြီးကြီးမားမား မရှိသောကြောင့် “တရုတ်နိုင်ငံ၏ ထာဝရနွေဦးမြို့တော်” ဟူ၍ တင်စားခေါ်ဝေါ်ကြသည်။



လင်ချန်းမြို့သည် တရုတ်“ဝ”တိုင်းရင်းသားယဉ်ကျေးမှုတို့ စုဝေးပေါင်းစည်းရာနေရာဖြစ်သည်။ ယင်းမြို့တွင် နှစ်ပေါင်း (၃၅၀၀) ကျော် သမိုင်းကြောင်းရှိသော ချန်းယွမ် (Cangyuan) ကျောက်ဆောင်ပန်းချီများနှင့် ချင်းမင်းဆက်ခေတ် (Qing) ရှိ တောက်ကွမ်းဘုရင်လက်ထက် (Daoguang) တွင် တည်ဆောက်ခဲ့သော ဗိသုကာလက်ရာပညာ၊ ပန်းပုအတတ်ပညာ၊ ပန်းချီအနုပညာတို့ တစ်စုတည်း ပေါင်းစပ်ထားသည့် ကွမ်းယွန်ဘုရားကျောင်း (Guangyun) တို့ တည်ရှိပါသည်။ ထို့အပြင် ကျေးကျွန်ခေတ်စနစ်မှ ခေတ်သစ်ယဉ်ကျေးမှုသို့ တိုက်ရိုက်ပြောင်းလဲလာခဲ့သည့် “ဝ”တိုင်းရင်းသားတို့၏ ရှေးဦးကာလရှိ အုပ်စုဖွဲ့နေထိုင်တတ်သည့် ကျေးရွာတို့ကို  မပျက်မယွင်းဘဲ ထိန်းသိမ်းထားရှိပြီး “ဝ”တိုင်းရင်းသားတို့၏ ကျေးလက်ဒေသဆိုင်ရာ စာပေအနုပညာနှင့် သူမတူထူးခြားသော အစားအသောက်ယဉ်ကျေးမှု ပေါများကြယ်ဝမှု အစရှိသည်တို့ကိုလည်း တွေ့မြင်နိုင်ပါသည်။