တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား - ရှန်ဟိုင်းမြို့နှင့် ကျန်းစူးပြည်နယ်
ဗီဒီယိုနှင့် ဓာတ်ပုံများကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား” ကဏ္ဍတွဲဆိုင်ရာ ဗီဒီယိုများကို မိတ်ဆက်ပေးသွားမည်ဖြစ်ကာ တရုတ်နိုင်ငံရှိ ပြည်နယ်အဆင့် အုပ်ချုပ်ရေးဒေသများအလိုက် ပိုင်းခြား၍ တင်ဆက်ထားသည်။ ဤအချိန်တစ်မိနစ်အတွင်းတွင် နေရာတစ်ခုချင်းစီ၏ တစ်မူထူးခြားသော ခရီးသွားယဉ်ကျေးမှုအရင်းအမြစ်များကို ပြသထားပြီး ကြည့်ရှုသူပရိသတ်တို့အတွက် တစ်မိနစ်စာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းအလှများကို တင်ဆက်ပေးသွားမည် ဖြစ်ပါသောကြောင့် ဆက်လက်စောင့်မျှော်ကြည့်ရှုရန်အတွက် သတင်းကောင်းပါးပါရစေရှင်။
ရှန်ဟိုင်းမြို့ (Shanghai)
လူအများ ရင်းနှီးကျွမ်းဝင်သော ဟွမ်ဖူမြစ် (Huangpu) ၊ လုကျားကျွေ (Lujiazui) ရှိ မိုးမျှော်အဆောက်အဦများ၊ The Bund မြစ်ကမ်းနားရှိ အဆောက်အဦအစုအဝေးများ အစရှိသဖြင့် လေပြည်လေးများအကြား ရှန်ဟိုင်းမြို့ကြီး (Shanghai) ပြန်လည်အသက်ဝင်လှုပ်ရှားလာပြီဖြစ်သည်။ တရုတ်နိုင်ငံ၏ နိုင်ငံရေးစိတ်ဓာတ်ခံယူချက်၊ ရှန်ဟိုင်းယဉ်ကျေးမှု ဆွဲဆောင်မှုအလှတရားနှင့် ယန်စီမြစ်တောင်ပိုင်းဒေသရှိ ဓလေ့ဟန်ပန်များရှိသည့် ဤနိုင်ငံတကာအဆင့်မီမြို့တော်တွင် တစ်မူထူးခြားသည့် ယဉ်ကျေးမှုအမှတ်အသားများကို တွေ့မြင်နိုင်ပါသည်။ ထို့အပြင် ရှန်ဟိုင်းမြို့သည် ကမ္ဘာပေါ်တွင် ကော်ဖီဆိုင်များကို နေရာစိပ်စိပ် အတွေ့ရဆုံးမြို့တစ်မြို့လည်း ဖြစ်သည်။ ရှန်ဟိုင်းမြို့တွင် လေ့လာလည်ပတ်ရင်း ယင်းဒေသ၏ နေ့စဉ်လူနေမှုဘဝ အငွေ့အသက်များကို မြင်တွေ့ခံစားကြည့်ကြရအောင်လားခင်ဗျာ။
ကျန်းစူးပြည်နယ် (Jiangsu)
ကျန်းစူးပြည်နယ် (Jiangsu) သည် အဖိုးတန်သယံဇာတ ပေါများကြွယ်ဝပြီး လူရည်ချွန်များစွာ ပေါ်ထွန်းရာ နေရာတစ်ခုဖြစ်သည်။ ဤဒေသရှိ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သော စူးကျိုးဥယျာဉ် (Classical Gardens of Suzhou) သည် တစ်မူထူးခြားလှပ၍ မင်ရှောက်လင်ဂူဗိမာန် (Ming Xiaoling Mausoleum) သည် “မင်မင်းဆက်နှင့် ချင်းမင်းဆက်ခေတ်၏ နံပါတ်တစ် တော်ဝင်ဂူဗိမာန်” ဟု တင်စားသတ်မှတ်ခြင်းခံရကာ မဟာတူးမြောင်းကြီး၏ ကျန်းစူးအပိုင်းသည် နှစ်ထောင်ချီကြာ သမိုင်းဝင်အမွေအနှစ်များကို ချန်ရစ်ပေးခဲ့သည်။ “တရုတ်အော်ပရာပြဇာတ်များ၏ ပင်ရင်း” ခွန်ချွီအော်ပရာ (Kunqu) သည် သိမ်မွေ့ကြော့ရှင်းလှပြီး နန်ကျင်းပိုးဘရိုကိတ် (Nanjing Yunjin Brocade) သည် တိမ်လွှာကဲ့သို့ ခံ့ညားလှပကာ ရန်ကျိုးမြို့ (Yangzhou) ရှိ လျှို့ရှီးဟူ (Shouxihu) ရှုခင်းနေရာနှင့် ရှေးဟောင်းရေပေါ် မြို့ငယ်များသည် အလှထူးနေပေသည်။ ဤနေရာတွင် ရန်ချိန်မြို့ (Yancheng) ရှိ ရွှေ့ပြောင်းငှက်များ နေထိုင်ကျက်စားရာဒေသ၏ ကမ်းစပ်သောင်ယံအလှကို ရင်သပ်ရှုမောစွာ ငေးမောကြည့်ရှုနိုင်ပြီး ဟွိုင်ရန်ဟင်းလျာများ၏ အကောင်းတကာ့ အကောင်းဆုံးလက်ရာမွန်များကို မြည်းစမ်းသုံးဆောင်နိုင်ပါသည်။