ရောင်စုံယူနန် ကမ္ဘာ့ဥယျာဉ်မြေ သဘာဝသမိုင်းပြတိုက် - ယွိရှီးမြို့
ဗီဒီယိုကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ယူနန်ပြည်နယ်၏ ခရီးသွားအကြောင်းအရာများကို မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုသူ မိတ်ဆွေပရိသတ်များအား ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ မိတ်ဆက်ပေးနိုင်ရန်အတွက် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် ယူနန်ပြည်နယ်ရှိ ပြည်နယ်ခွဲနှင့် မြို့ဒေသ (၁၆)ခု၏ ခရီးသွားပုံရိပ်အကြောင်း မိတ်ဆက်ဗီဒီယိုများကို အပိုင်းဆက်များဖြင့် တင်ဆက်ပြသလျက် ရှိပါသည်။
ယွိရှီးမြို့ (Yuxi) သည် ယူနန်ပြည်နယ်အလယ်ပိုင်း၏ ပုလဲရတနာဖြစ်ပြီး ကုန်းပြင်မြင့်ထက်ရှိ မြစ်ချောင်းအင်းအိုင်များ ပေါများရာဒေသလည်း ဖြစ်သကဲ့သို့ ယဉ်ကျေးမှုအထင်ကရမြို့တစ်မြို့လည်း ဖြစ်ပေသည်။ ယွိရှီးမြို့သည် အချိန်ကာလ နှစ်သန်းပေါင်းထောင်ချီစွာ အပြောင်းအလဲအများအပြားကို ကြုံတွေ့ဖြတ်သန်းလာခဲ့ရပြီးနောက် ကမ္ဘာပေါ်ရှိ လတ္တီကျုတူညီရာဒေသများအနက် ရေအရည်အသွေးကို အကောင်းမွန်ဆုံး ထိန်းသိမ်းထားရှိနိုင်သော ဖူရှန်းရေချိုကန် (Fuxian) ၊ ကမ္ဘာ့သဘာဝအမွေအနှစ်နေရာ တစ်ခုဖြစ်သည့်အပြင် ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါများ၏ မူလဇာစ်မြစ်ကို ရှာဖွေတွေ့ရှိခဲ့ရာ နေရာတစ်ခုလည်းဖြစ်သည့် ချန်ကျန်းကျောက်ဖြစ်ရုပ်ကြွင်းတည်နေရာ (Chengjiang fossil site) တို့ကို ဖြစ်ထွန်းပေါ်ပေါက်လာစေခဲ့ပါသည်။
ယွိရှီးမြို့သည် တောတောင်ရေမြေရှုခင်းများနှင့် သာယာလှပလွန်းပါသည်။ ဖူရှန်းရေချိုကန်၊ အိုက်လောင်တောင် (Ailao) ၊ ယွမ်ကျန်းမြစ် (Yuanjiang) ဟုန်ဟယ်မြစ် (Honghe) မြစ်ဝှမ်းဒေသ စသည်တို့က မြေဆီမြေနှစ်ကောင်းမွန်ပြီး ကဗျာဆန်လှပသော သဘာဝရှုမျှော်ခင်းများကို ဖြစ်ထွန်းစေပါသည်။ ဤဒေသသည် လူရည်ချွန်များ ပေါ်ထွန်းရာဒေသဖြစ်ပြီး တရုတ်နိုင်ငံတော်သီချင်း၏ တေးရေးဆရာ၊ ပြည်သူ့ဂီတပညာရှင်တစ်ဦးဖြစ်သည့် နှဲ့အယ် (Nie Er) ၏ မွေးရပ်ဌာနေလည်းဖြစ်သည်။
ယနေ့အစီအစဉ်တွင် “သဘာဝသမိုင်းပြတိုက် - ယွိရှီးမြို့” အကြောင်းအရာများကို အတူတကွ ရှုစားလိုက်ကြရအောင်လားရှင်။