တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား - ရှင်းကျန်းဒေသနှင့် အန်းဟွေးပြည်နယ်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-09-29 11:54:46


ဗီဒီယိုနှင့် ဓာတ်ပုံများကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား” ကဏ္ဍတွဲဆိုင်ရာ ဗီဒီယိုများကို မိတ်ဆက်ပေးသွားမည်ဖြစ်ကာ တရုတ်နိုင်ငံရှိ ပြည်နယ်အဆင့် အုပ်ချုပ်ရေးဒေသများအလိုက် ပိုင်းခြား၍ တင်ဆက်ထားသည်။ ဤအချိန်တစ်မိနစ်အတွင်းတွင် နေရာတစ်ခုချင်းစီ၏ တစ်မူထူးခြားသော ခရီးသွားယဉ်ကျေးမှုအရင်းအမြစ်များကို ပြသထားပြီး ကြည့်ရှုသူပရိသတ်တို့အတွက် တစ်မိနစ်စာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းအလှများကို တင်ဆက်ပေးသွားမည် ဖြစ်ပါသောကြောင့် ဆက်လက်စောင့်မျှော်ကြည့်ရှုရန်အတွက် သတင်းကောင်းပါးပါရစေရှင်။



ရှင်းကျန်းဒေသ (Xinjiang) 


ရှင်းကျန်းဒေသ (Xinjiang) သည် ကျယ်ပြောလှသော နယ်မြေနှင့် ခမ်းနားလှပသော တောတောင်ရေမြေ သဘာဝပတ်ဝန်းကျင်ရှိပြီး ၎င်းဒေသ၏ ဥတု(၄)ပါးလုံး အလှကိုယ်စီရှိကြသည်။ ဤဒေသတွင် ကြီးမားကျယ်ပြန့်သော သဲကန္တာရများ၊ ဂိုဘီ (Gobi) သဲကန္တာရ၊ မြက်ခင်းလွင်ပြင်ကျယ်နှင့် နှင်းတောင်ကြီးများ၊ ရှေးဟောင်းပိုးလမ်းမ အစရှိသည့် နေရာများရှိသည်။ ဤဒေသ၌ တိုင်းရင်းသားဓလေ့ရိုးရာအငွေ့အသက်များ ကြွယ်ဝပြီး သစ်သီးဝလံမျိုးစုံတို့ လှိုင်လှိုင်ပေါ၍ လူနေမှုဓလေ့ထုံးတမ်းများ ရိုးရှင်းစင်ကြယ်လှသည်။ ဤနေရာတွင် ကမ္ဘာ့သဘာဝအမွေအနှစ်နေရာဖြစ်သော ထျန်းဆန်းတောင် (Tianshan) ၊ တရုတ်နိုင်ငံ၏ အကြီးဆုံး ရွေ့လျားသဲကန္တာရဖြစ်သည့် တာလီမခန်း (Taklamakan) သဲကန္တာရ၊ နာ့လားထီ (Nalati) မြက်ခင်းလွင်ပြင်နှင့် ခါးနာ့စီး (Kanas) ရေကန် စသဖြင့် နေရာအနှံ့ ရှုမျှော်ခင်းများဖြင့် ပြည့်နှက်နေပေသည်။




အန်းဟွေးပြည်နယ် (Anhui)


အန်းဟွေးပြည်နယ် (Anhui) သည် တောတောင်ရေမြေ သာယာလှပပြီး ယဉ်ကျေးမှုများ စုံလင်စုဝေးစွာ တည်ရှိနေပါသည်။ ကမ္ဘာ့အမွေအနှစ်နေရာဖြစ်သော ဟွမ်ဆန်းတောင်တန်းဒေသ (Huangshan) ရှိ တောင်စဉ်တောင်ထွတ်များကလည်း အပြိုင်အဆိုင် တင့်တယ်လှပလွန်းနေပြီး အန်းဟွေးပြည်နယ်တောင်ပိုင်းရှိ ရှီးတိ (Xidi) ၊ ဟုန်ချွင်း (Hongcun) ရှေးဟောင်းရွာများသည် ရှေးဟောင်းယဉ်ကျေးမှုများကို သက်သေပြုလျက်ရှိကာ မဟာတူးမြောင်းကြီး၏ အန်းဟွေးအပိုင်းသည် နှစ်ပေါင်းထောင်ချီကြာသည့်တိုင်အောင် ခမ်းနားလှပနေဆဲဖြစ်သည်။ တရုတ်နိုင်ငံ၏ “စာကြည့်ခန်း ရတနာလေးပါး” အနက်မှ ဟွေးကျိုး (Huizhou) ဒေသထွက် မင်၊ ရွှမ်ကျိုး (Xuanzhou) ဒေသထွက်စက္ကူနှင့် ရှဲ့ကျိုး (Shezhou)  ဒေသထွက် မင်သွေးကျောက်ပျဉ် တို့သည် ခေတ်အဆက်ဆက် စာပေပညာရှင်များအား ချီးကျူးမဆုံး ဖြစ်စေပါသည်။ တရုတ်ရိုးရာအော်ပရာပြဇာတ်ကြီး (၅)ခုအနက် တစ်ခုအပါအဝင်ဖြစ်သော ဟွမ်မေအော်ပရာပြဇာတ် (Huangmei Opera) သည် ကြည့်ရှုသူများအဖို့ နှစ်ခြိုက်သဘောတွေ့စေပြီး အချိန်ကာလကြာညောင်းလေလေ ပိုမိုအသက်ဝင်ကာ တန်ဖိုးကြီးမားလေလေဖြစ်သည်။


WeChat Image_20220929091201.jpg

WeChat Image_20220929091204.jpg