ရောင်စုံယူနန် ကမ္ဘာ့ဥယျာဉ်မြေ - အလှကမ္ဘာမြေ တက်ဟုန်းပြည်နယ်ခွဲမှ ကြိုဆိုပါ၏

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-09-25 13:39:31


ဗီဒီယိုကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



ယူနန်ပြည်နယ်၏ ခရီးသွားအကြောင်းအရာများကို မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုသူ မိတ်ဆွေပရိသတ်များအား ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ မိတ်ဆက်ပေးနိုင်ရန်အတွက် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် ယူနန်ပြည်နယ်ရှိ ပြည်နယ်ခွဲနှင့် မြို့ဒေသ (၁၆)ခု၏ ခရီးသွားပုံရိပ်အကြောင်း မိတ်ဆက်ဗီဒီယိုများကို အပိုင်းဆက်များဖြင့် တင်ဆက်ပြသလျက် ရှိပါသည်။



တရုတ်နိုင်ငံနယ်စပ်ဒေသ ယူနန်ပြည်နယ် (Yunnan) တွင် သာယာလှပသည့် နေရာလေးတစ်ခု ရှိပါသည်။ ယင်းဒေသရှိ ဒေသခံပြည်သူများမှာ ရိုးသားဖြူစင်ပြီး ဖော်ရွေပျူငှာကြသည့်အပြင် ရှုမျှော်ခင်းများမှာလည်း လှပဆန်းကြယ်လှသည်။ ၎င်းဒေသတွင် တိုင်းရင်းသားယဉ်ကျေးမှု များပြားစုံလင်စွာ ရှိပြီး လူနေမှုဘဝ အေးချမ်းသာယာ၍ နေချင်စဖွယ် ဖြစ်သည်။ ဤဒေသသည် တရုတ်နိုင်ငံ၏ ကော်ဖီထွက်ရှိရာမြေ၊ တေးသံစဉ် အကအလှတို့၏ ဇာတိမြေ၊ ဒေါင်းငှက်တို့၏ ဌာနေလည်း ဖြစ်သည်။ ဤနေရာသည် တရုတ်နိုင်ငံ၏ အနောက်တောင်ပိုင်းနယ်စပ်ဒေသတွင် ပုလဲရတနာသဖွယ် ထွန်းလင်းတောက်ပနေသော ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ (Dehong) ပင် ဖြစ်သည်။



ယနေ့တွင် “အလှကမ္ဘာမြေ တက်ဟုန်းပြည်နယ်ခွဲမှ ကြိုဆိုပါ၏” ဗီဒီယိုကို အတူတကွ ရှုစားကြရအောင်လားရှင်။