မတူညီသောရှုထောင့်အမြင်ထဲက တရုတ်နိုင်ငံ - ပန်းခြံအတွင်းရှိ “ခေတ်ရှေ့ပြေးနည်းပညာ”
ဗီဒီယိုကို Chengdu Radio and Television International Communication Cooperation Center (Chengdu Plus) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
တရုတ်နိုင်ငံ၏ မြို့တစ်ခုတွင် လူအများအတွက် သင့်တင့်လျောက်ပတ်သော ဂေဟစနစ်ပတ်ဝန်းကျင်နှင့် ခေတ်သစ်သိပ္ပံနည်းပညာ တီထွင်ဆန်းသစ်မှုများကို ပေါင်းစပ်လိုက်သောအခါ မည်ကဲ့သို့သော နေရာတစ်ခုအဖြစ် ပေါ်ထွန်းလာစေမည်နည်း။ ယင်းပန်းခြံအတွင်းရှိ စမတ်ပြေးလမ်းပေါ်၌ အပြေးလေ့ကျင့်ခန်းလုပ်ရင်း ကျန်းမာရေးဆိုင်ရာ အချက်အလက်များကိုပါ တစ်ပါတည်း စုဆောင်းနေပြီဖြစ်သည်။ ထို့အပြင် ၎င်းပန်းခြံအတွင်းတွင် သော့ခတ်သေတ္တာနှင့် ရေချိုးခန်းနှစ်မျိုးလုံးကို ပေါင်းစပ်ဖန်တီးထားသည့် စမတ်ဝန်ဆောင်မှုပေးနိုင်သောနေရာ (Smart Service Station) ရှိကာ ပန်းခြံအတွင်းရှိ ပတ်ဝန်းကျင်လေ့လာစောင့်ကြပ်မှုကိရိယာတွင်လည်း AI နည်းပညာစနစ်ဖြင့် အချိန်နှင့်တစ်ပြေးညီ စောင့်ကြပ်ကြည့်ရှုနိုင်ခြင်းများ အစရှိသည်တို့ ပါဝင်ပါသည်။ ချန်ဒူးမြို့ (Chengdu) သို့ ရောက်ရှိလာသည်မှာ အချိန်(၁)နှစ်ကျော် ကြာမြင့်နေပြီဖြစ်သည့် နိုင်ငံခြားသား Rae က သူ အနှစ်သက်ဆုံး ချင်းလုံကန်ရေတိမ်ပန်းခြံ (Qinglong Lake Wetland Park) တွင် ဤအဖြေများကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ Rae က ချင်းလုံကန်ရေတိမ်ပန်းခြံသည် သိပ္ပံနည်းပညာစနစ်သစ်များဖြင့် ပြည့်နှက်နေသည့် “စမတ်”အစိမ်းရောင်နယ်မြေဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။