တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား - ဟိုင်နန်ပြည်နယ်နှင့် စီချွမ်ပြည်နယ်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-08-26 17:27:35


ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား” ကဏ္ဍတွဲဆိုင်ရာ ဗီဒီယိုများကို မိတ်ဆက်ပေးသွားမည်ဖြစ်ကာ တရုတ်နိုင်ငံရှိ ပြည်နယ်အဆင့် အုပ်ချုပ်ရေးဒေသများအလိုက် ပိုင်းခြား၍ တင်ဆက်ထားသည်။ ဤအချိန်တစ်မိနစ်အတွင်းတွင် နေရာတစ်ခုချင်းစီ၏ တစ်မူထူးခြားသော ခရီးသွားယဉ်ကျေးမှုအရင်းအမြစ်များကို ပြသထားပြီး ကြည့်ရှုသူပရိသတ်တို့အတွက် တစ်မိနစ်စာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းအလှများကို တင်ဆက်ပေးသွားမည် ဖြစ်ပါသောကြောင့် ဆက်လက်စောင့်မျှော်ကြည့်ရှုရန်အတွက် သတင်းကောင်းပါးပါရစေရှင်။



ဟိုင်နန်ပြည်နယ် (Hainan)


တရုတ်နိုင်ငံ၏ တောင်ဘက်ပိုင်းတွင် တည်ရှိသော ဟိုင်နန်ပြည်နယ်သည် တရုတ်နိုင်ငံ၏ ရေပန်းအစားဆုံး အပူပိုင်းဒေသ အပန်းဖြေနေရာ ဖြစ်သည်။ တစ်နှစ်ပတ်လုံးနီးပါး နေရောင်ခြည် ထွန်းလင်းတောက်ပ၍ အပူပိုင်းဒေသအငွေ့အသက်များ ပြည့်နှက်နေပါသည်။ ဟိုင်နန်ပြည်နယ်တွင် ရေငုပ်ခြင်း၊ ပင်လယ်ပြင်ငါးဖမ်းခြင်း၊ လှိုင်းစီးခြင်းနှင့် လေလှိုင်းစီးခြင်း အစရှိသည့် အသွင်စုံလင်သော ရေပေါ်အားကစားလှုပ်ရှားမှု အမျိုးမျိုး ရှိပါသည်။ သဘာဝက ပေးအပ်ထားသော ပတ်ဝန်းကျင်ထူးခြားချက်များအပြင် ဟိုင်နန်ပြည်နယ်၏ ယဉ်ကျေးမှုဝိသေသလက္ခဏာများမှာလည်း ထူးခြားပြောင်မြောက်လှပေသည်။ ရိုးရာရက်လုပ်နည်း၊ ပန်းထိုးခြင်း၊ ဟိုင်နန်အော်ပရာနှင့် အချို့သော ရိုးရာလက်မှုအနုပညာတို့သည် ဟိုင်နန်ပြည်နယ်၏ သူမတူထူးခြားသော ဆွဲဆောင်မှုများကို ထင်ဟပ်ဖော်ပြနေပါသည်။


WeChat Image_20220826100457.jpg



စီချွမ်ပြည်နယ် (Sichuan)


စီချွမ်ပြည်နယ်တွင် အလှပဆုံးသော တောတောင်ရေမြေရှုခင်းများ ရှိသည်။ ရှေးကျမှုနှင့် ခေတ်ဆန်မှု၊ အရပ်နေလူမှုဘဝနှင့် ခေတ်မီသိပ္ပံနည်းပညာဆိုင်ရာလုပ်ငန်းများ၊ ပန်ဒါဝက်ဝံနှင့် ဟော့ပေါ့တို့အပါအဝင် အရာအားလုံးတို့သည် အပ်စပ်စွာ ပေါင်းစုံစုဝေးနေပါသည်။ ထို့အပြင် ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် အပြည့်စုံအကောင်းမွန်ဆုံးသော ပန်ဒါဝက်ဝံများကျက်စားရာမြေ၊ သမိုင်းကြောင်းရှည်ကြာသော ရှေးဟောင်းသျှူ(Shu)ယဉ်ကျေးမှု၊ တိဗက်တိုင်းရင်းသား၊ ချန်းတိုင်းရင်းသား (Qiang) နှင့် ရီတိုင်းရင်းသား (Yi) စသည့် အသွင်စုံလင်ခမ်းနားသော တိုင်းရင်းသားရိုးရာယဉ်ကျေးမှုများလည်း ရှိပါသည်။ အစားအစာတွင် နာမည်ကျော်ကြားသော တရုတ်နိုင်ငံသို့ သွားရောက်၍ သာယာလှပသော စီချွမ်ပြည်နယ်တွင် အရသာမျိုးစုံကို မြည်းစမ်းခံစားကြည့်ကြစို့လားရှင်။ 


WeChat Image_20220826100635.jpg