မတူညီသောရှုထောင့်အမြင်ထဲက တရုတ်နိုင်ငံ စီချွမ်တက္ကသိုလ်၌ လည်ပတ်လေ့လာခြင်း - တရုတ်တက္ကသိုလ်ကျောင်းသားတို့၏ ကောင်းမွန်သောဘဝ
ဗီဒီယိုကို Chengdu Radio and Television International Communication Cooperation Center (Chengdu Plus) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ယင်းအစီအစဉ်သည် စီချွမ်တက္ကသိုလ် (Sichuan University) တွင် တက်ရောက်ခဲ့ဖူးသော အမေရိကန်နိုင်ငံသားကျောင်းသားတစ်ဦးမှ စီချွမ်တက္ကသိုလ်ကျောင်းဝင်းအတွင်း ကြည့်ရှုလေ့လာနိုင်ရန် ခေါ်ဆောင်သွား၍ ချန်တူးမြို့ (Chengdu) တက္ကသိုလ်ကျောင်းဝင်းအခြေအနေများကို လက်တွေ့ခံစားစေမည် ဖြစ်ပါသည်။ ထို့အပြင် နေထိုင်စားသောက်မှုနှင့် ကျောင်းစရိတ်၊ သင်ကြားမှုအထောက်အကူပစ္စည်း၊ သင်ကြားရေးအစီအစဉ်၊ ကျောင်းချိန်ပြင်ပလှုပ်ရှားမှုများ အစရှိသည့် ဘက်ပေါင်းစုံတို့မှ တရုတ်တက္ကသိုလ်ကျောင်းသားများ၏ လက်တွေ့ဘဝကို မိခင်ဘာသာစကားဖြင့် ပြည်ပပရိသတ်များအား တင်ဆက်ပြသထားသည်။ ကမ္ဘာကြီးအား ချန်တူးမြို့၏ လူရည်ချွန်များအပေါ် အလေးထားမှုနှင့် လက်ခံနိုင်စွမ်းများကို မြင်တွေ့စေပြီး တရုတ်တက္ကသိုလ်ကျောင်းသားတို့၏ နုနယ်ပျိုမြစ်မှုနှင့် လှုပ်ရှားတက်ကြွမှုများကို ခံစားသိမြင်စေပါသည်။