ရောင်စုံယူနန် ကမ္ဘာ့ဥယျာဉ်မြေ - စိမ်းစိုလှပ ချူရှုန်ဒေသ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-07-24 16:22:54


ဗီဒီယိုကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



၂၀၂၂ ခုနှစ် တရုတ် နိုင်ငံတကာခရီးသွားပြပွဲ (China International Travel Mart 2022) ကို ဇူလိုင်လ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့အထိ ကူမင်းမြို့ရှိ တျမ်ချီအပြည်ပြည်ဆိုင်ရာပြပွဲစင်တာ (Dianchi International Convention and Exhibition Center) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယူနန်ပြည်နယ်၏ ခရီးသွားအကြောင်းအရာများကို မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုသူ မိတ်ဆွေပရိသတ်များအား ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ မိတ်ဆက်ပေးနိုင်ရန်အတွက် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ယူနန်ပြည်နယ်ရှိ ပြည်နယ်ခွဲနှင့်မြို့ဒေသ (၁၆)ခု၏ ခရီးသွားပုံရိပ်အကြောင်း မိတ်ဆက်ဗီဒီယိုများကို အပိုင်းဆက်များဖြင့် တင်ဆက်ပြသသွားမည်ဖြစ်သည်။



ယူနန်ပြည်နယ် ချူရှုန်ပြည်နယ်ခွဲ (Chuxiong)တွင် “Ramapithecus ရှေးလူဝံ” ၊ “တရုတ်နိုင်ငံ၏ ရှေးအကျဆုံးသော ယွမ်မိုလူသားကျောက်ဖြစ်ရုပ်ကြွင်း (Yuanmou Man)” ၊ ယွမ်မိုမြေစိုင်ခဲတောအုပ် (Earth Forest of Yuanmou) ၊ ရှင်းစန်းတောင် (Shishan)ရှိ ပီအိုနီပန်းရှုခင်းအလှ၊ ကျင်ရှီးတောင် (Zixi)ရှိ လက်ဖက်နှင်းဆီပင်များ (Camellia) ၊ ရီတိုင်းရင်းသား(Yi)တို့၏ ရိုးရာဆယ်လပြက္ခဒိန် (The Ten-months Solar Calendar of Yi Nationality) စသည့် ခရီးသွားအရင်းအမြစ်များ ရှိပါသည်။ ထို့အပြင် ချူရှုန်ပြည်နယ်ခွဲသည် “ဒိုင်နိုဆောတို့၏ ဇာတိမြေ” ၊ ရှေးဟောင်းမြို့ယဉ်ကျေးမှု၊ ရီတိုင်းရင်းသားတို့၏ ဓလေ့ရိုးရာနှင့် “ဆောင်းရာသီတွင် နွေးထွေးပြီး နွေရာသီတွင် အေးမြသည့်” သဟဇာတဖြစ်သော ရာသီဥတုတို့ကြောင့် ထင်ရှားကျော်ကြားလှသည်။



ရီတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုကို ကိုယ်စားပြုအဖြစ် သတ်မှတ်နိုင်သည့် တိုင်းရင်းသားရိုးရာပွဲတော်များ၊ ရိုးရာဝတ်စုံများ၊ ရိုးရာသီချင်းအကတို့သည် အသွင်စုံလင်လှပပြီး တစ်မူထူးခြားသော ဆွဲဆောင်မှုများရှိသည်။



ချူရှုန်ပြည်နယ်ခွဲသို့ သွားရောက်ပြီး ဒိုင်နိုဆောများကို လေ့လာကြည့်ရှုရင်း မြေစိုင်ခဲတောအုပ်ကြီးကို လည်ပတ်နိုင်မည့်အပြင် ရီတိုင်းရင်းသားတို့၏ လူနေမှုဘဝထဲသို့ ဝင်ရောက်လေ့လာပြီး ဒေသခံအစားအစာများကို မြည်းစမ်းကြည့်ချင်ပါတော့သည်။



ယနေ့အစီအစဉ်တွင် စိမ်းစိုလှပသော ချူရှုန်ဒေသကို အတူတကွ ရှုစားလိုက်ကြရအောင်လားရှင်။