ရောင်စုံယူနန် ကမ္ဘာ့ဥယျာဉ်မြေ - ပုလဲမြစ်၏ မြစ်ဖျားခံရာ၊ သာယာလှသည့် ချွီကျင့်မြို့မှာ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-07-23 20:15:13


ဗီဒီယိုကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



၂၀၂၂ ခုနှစ် တရုတ် နိုင်ငံတကာခရီးသွားပြပွဲ (China International Travel Mart 2022) ကို ဇူလိုင်လ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့အထိ ကူမင်းမြို့ရှိ တျမ်ချီအပြည်ပြည်ဆိုင်ရာပြပွဲစင်တာ (Dianchi International Convention and Exhibition Center) တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ယူနန်ပြည်နယ်၏ ခရီးသွားအကြောင်းအရာများကို မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုသူ မိတ်ဆွေပရိသတ်များအား ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ မိတ်ဆက်ပေးနိုင်ရန်အတွက် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ယူနန်ပြည်နယ်ရှိ ပြည်နယ်ခွဲနှင့်မြို့ဒေသ (၁၆)ခု၏ ခရီးသွားပုံရိပ်အကြောင်း မိတ်ဆက်ဗီဒီယိုများကို အပိုင်းဆက်များဖြင့် တင်ဆက်ပြသသွားမည်ဖြစ်သည်။



ချွီကျင့်မြို့(Qujing)သည် တရုတ်နိုင်ငံတောင်ပိုင်းရှိ အကြီးဆုံးမြစ်ဖြစ်သော ပုလဲမြစ်(Zhujiang)၏ မြစ်ဖျားခံရာနေရာဖြစ်သည်။ ဤဒေသတွင် ဝူးမိန်တောင် (Wumeng) ၊ မာရှုန်တောင် (Maxiong) ၊ ရှန်းလူတောင် (Xianglu) ၊ ချွေ့ဖုန်းတောင် (Cuifeng) နှင့် လန်မုတောင် (Langmu) စသည့် ခံ့ထည်လှပသော တောင်များရှိသကဲ့သို့ နန်ဖန်မြစ် (Nanpan) ၊ နျိုလန်မြစ် (Niulan) နှင့် သောရီးမြစ် (Duoyi) စသည့် လှပသော စိမ်းပြာလဲ့လဲ့ ရေပြင်များလည်း ရှိသည်။ ထို့အပြင် လော်ဖျင်ကောင်တီ(Luoping)ရှိ တရုတ်ဧက “မူ (亩 mu)” (၃)သိန်း (亩 mu = တရုတ်မြေအတိုင်းအတာယူနစ်၊ ၆၆၆.၆၆၇ စတုရန်းမီတာဝန်းကျင်နှင့် ညီမျှသည်) ကျယ်သော ဆီထွက်မုန်ညင်းစိမ်းပန်းပင်လယ်၊ လူးပုကယ်လျှိုမြောင်(Lubuge)ရှုခင်း၊ ကျိုလုံရေတံခွန်အစုအဝေး (Jiulong) ၊ ကျန်းရိဒေသ(Zhanyi)ရှိ ဟွားစန်းရေကန် (Huashan) ၊ ပုလဲမြစ် မြစ်ဖျားခံစီးဆင်းရာနေရာ၊ လုလျန်ရောင်စုံသဲဥယျာဉ် (Luliang) ၊ မာလုံဒေသ(Malong)ရှိ မာကော့ဟယ်(Maguohe) ခရီးသွားရှုမျှော်ခင်းနေရာ၊ ဖူ့ယွမ်ကောင်တီ(Fuyuan)ရှိ စိန့်ကျင့်ကွမ်းဂိတ်ပေါက် (Shengjingguan) ၊ ဟွေ့ကျယ်ကောင်တီ(Huize)ရှိ ကျယ်ပြောလှသော မြက်ခင်းပြင်တောင်ကုန်းနှင့် သမိုင်းဝင်ယဉ်ကျေးမှု အထင်ကရမြို့များ အစရှိသည့် ရင်သပ်ရှုမောဖွယ် ရှုမျှော်ခင်းများနှင့် ရွှမ်းဝေး(Xuanwei)ဝက်ပေါင်ခြောက်၊ ရီလျန်(Yiliang)ဘဲကင်၊ ကျန်းရိ(Zhanyi)ကြက်သားငရုတ်စပ် စသဖြင့် လျှာလည်သွားစေမည့် အထင်ကရ စားဖွယ်ရာများလည်း ရှိပါသည်။



ယနေ့အစီအစဉ်တွင် ပုလဲမြစ်၏ မြစ်ဖျားခံရာ ချွီကျင့်မြို့၏ သာယာလှပပုံများကို အတူတကွ ရှုစားလိုက်ကြရအောင်။