ရောင်စုံယူနန် ကမ္ဘာ့ဥယျာဉ်မြေ - ကြည်နူးပျော်ဖွယ် လိကျန်းမြို့ဝယ်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-07-22 14:41:36


ဗီဒီယိုကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



၂၀၂၂ ခုနှစ် တရုတ် နိုင်ငံတကာခရီးသွားပြပွဲ (China International Travel Mart 2022) ကို ဇူလိုင်လ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့အထိ ကူမင်းမြို့ရှိ တျမ်ချီအပြည်ပြည်ဆိုင်ရာပြပွဲစင်တာ (Dianchi International Convention and Exhibition Center) တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ယူနန်ပြည်နယ်၏ ခရီးသွားအကြောင်းအရာများကို မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုသူ မိတ်ဆွေပရိသတ်များအား ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ မိတ်ဆက်ပေးနိုင်ရန်အတွက် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ယူနန်ပြည်နယ်ရှိ ပြည်နယ်ခွဲနှင့်မြို့ဒေသ (၁၆)ခု၏ ခရီးသွားပုံရိပ်အကြောင်း မိတ်ဆက်ဗီဒီယိုများကို အပိုင်းဆက်များဖြင့် တင်ဆက်ပြသသွားမည်ဖြစ်သည်။


WeChat Image_20220722113914.jpg


လိကျန်းမြို့(Lijiang)တွင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် လိကျန်းရှေးဟောင်းမြို့၊ ကမ္ဘာ့သဘာဝအမွေအနှစ် မြစ်သုံးစင်းအပြိုင်စီးဆင်းရာဒေသ (Three Parallel Rivers) နှင့် ကမ္ဘာ့အမှတ်တရအမွေအနှစ် နာ့ရှီးတုန်းပါး(Nakhi Dongba)ရှေးစာပေ စသည့် ကမ္ဘာ့အမွေအနှစ်ကြီး (၃)ခု ရှိပါသည်။



လိကျန်းရှေးဟောင်းမြို့၊ ကျောက်စိမ်းနဂါးနှင်းတောင် (Jade Dragon Snow Mountain) ၊ ယန်စီပထမမြစ်ကွေ့ (Yangtze River First bay) ၊ ကျားခုန်လျှို (Tiger Leaping Gorge) ၊ လောင်ကျွင်းတောင် (Laojun Mountain) ၊ ရှုဟယ်ရှေးဟောင်းမြို့ (Shuhe) ၊ လူးကူးကန် (Lugu Lake) နှင့် မုအိမ်တော် (Mu Fu Mansion) အစရှိသည်တို့သည် လိကျန်းမြို့၏ နာမည်ကျော် ခရီးသွားနေရာများဖြစ်သည်။



ယနေ့အစီအစဉ်တွင် ကြည်နူးပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်သည့် သာယာလှပသော လိကျန်းမြို့ကို အတူတကွ ရှုစားလိုက်ကြရအောင်လားရှင်။