တရုတ်နိုင်ငံရောက် မြန်မာသတင်းထောက် - ငယ်ရွယ်ပျိုမြစ် တက်ကြွလန်းဆန်းနေသည့် တရုတ်တက္ကသိုလ်ကျောင်းသားများ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-07-21 17:13:23


ဗီဒီယိုကို China Media Group (CMG) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် (Beijing Foreign Studies University) သည် ကျောင်းဝင်းသေးငယ်သော်လည်း ကျစ်ကျစ်လျစ်လျစ်နှင့် ပြည့်စုံလှပြီး နှစ်သက်ကြည်နူးဖွယ်ကောင်းသော ပန်းချီကားချပ်အလား သာယာလှပပါသည်။ ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် နုပျိုလန်းဆန်းမှု အငွေ့အသက်များကို ခံစားရရှိစေပါသည်။



ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်သည် ပညာလေ့လာသင်ယူမှုအငွေ့အသက်များ ထက်သန်ပြင်းပြပြီး ဘာသာစကားလေ့လာသင်ယူမှုပိုင်းရှိ ဆရာ၊ဆရာမများ၏ သင်ကြားရေးစွမ်းရည် မြင့်မားပါသည်။ ထိုမျှမကသေးဘဲ ကျောင်းသားများ၏ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အနာဂတ်ဖွံ့ဖြိုးမှုများကို အထူးအလေးထားကာ ကျောင်းဝင်းထဲတွင် ကောင်းမွန်သော အားကစားအငွေ့အသက်များကိုလည်း စီစဉ်ဖန်တီးပေးထား၍ အတွေးအခေါ် ကိုယ်ကျင့်တရား၊ ဉာဏစွမ်းအား၊ ကိုယ်ကာယကျန်းမာရေး၊ အနုပညာခံစားမှုနှင့် လုပ်အား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးများကို တိုးမြှင့်စေပါသည်။



ယနေ့အစီအစဉ်တွင် မြန်မာသတင်းထောက်နှင့်အတူ ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်ကျောင်းသို့ ဝင်ရောက်လေ့လာရင်း ငယ်ရွယ်ပျိုမြစ် တက်ကြွလန်းဆန်းမှုအပြည့်နှင့် တရုတ်တက္ကသိုလ်ကျောင်းသားတို့၏ ပုံစံများကို ကြည့်ရှုလိုက်ကြရအောင်လားခင်ဗျာ။


WeChat Image_20220720153837.jpg