Visiting China Online – စားဖွယ်ရာများနှင့်အတူ အန်းဟွေးဆီသို့ (အန်းဟွေးပြည်နယ်တောင်ပိုင်းနှင့် ယန်စီမြစ်ကြောတစ်လျှောက်)
ဓာတ်ပုံများကို အန်းဟွေးပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
အန်းဟွေးဟင်းလျာ(Anhui)များသည် တရုတ်ဟင်းလျာတွဲကြီး (၈)မျိုးတွင် ပါဝင်သည်။ အန်းဟွေးပြည်နယ်တောင်ပိုင်းဟင်းလျာများ၏ လေးနက်မှု၊ ယန်စီမြစ်ကြောတစ်လျှောက် စားဖွယ်ရာများ၏ ပေါ့ပါးမှု၊ အန်းဟွေးပြည်နယ်အလယ်ပိုင်း စားသောက်ဖွယ်ရာများ၏ အရသာ စုံလင်ရောယှက်မှု၊ အန်းဟွေးပြည်နယ်မြောက်ပိုင်း ဂျုံလုပ်အစားအစာများ၏ ရိုးရှင်းမှု စသည်ဖြင့် အားလုံးတွင် ထင်ရှားသော ဒေသအငွေ့အသက်များ ပါရှိနေပြီး သူမတူအောင် ထူးကဲသော လူကြိုက်များသည့် ထူးခြားချက်များ ရှိပါသည်။

Fisherman singing at sunset
မျှော်ကာဖွေရှာအလှကမ္ဘာ အန်းဟွေးတောင်ပိုင်း ရှုခင်းသာနှင့် စားဖွယ်ရာ
ဟွမ်တောင်(Huang)သည် ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားသော ခရီးသွားနေရာတစ်ခု ဖြစ်သည်။ ဝန့်ကျန့်တောင်(Wenzheng)ဝါးမျှစ်၊ ကျောက်ဖရုံသီးဝက်ပေါင်ခြောက်နှပ်၊ လန်ထျန်ဟွား(Lantianhua)ဝက်သား၊ စမ်းရေငါး (Pseudogyrinocheilus prochilus) ၊ ထိုက်ဖျင်(Taiping)ခေါက်ဆွဲ၊ ဟွေးကျိုး(Huizhou)ပဲပြား …… အစရှိသည့် စားဖွယ်ရာများသည် ၎င်းနေရာဒေသများနှင့် အလွန်ပင် လိုက်ဖက်လှသည်။
ရွှမ်းချန်မြို့(Xuancheng)သည် တရုတ်ရိုးရာ စာကြည့်ခန်းရတနာလေးမျိုးမြို့တော် ဖြစ်သည်။ ကြည်လင်သော ကောင်းကင်ပြာ၊ စိမ်းစိုနေသော တောတောင်များ၊ ပြာလဲ့လဲ့ ရေပြင်၊ အရသာရှိသော စားဖွယ်ရာများနှင့် ပြည့်နှက်နေသော ကဗျာအငွေ့အသက်များ စသဖြင့် လှပသော သဘာဝပသာဒရှုမျှော်ခင်းများအပြင် အရသာရှိသော အစားအသောက်များလည်း ရှိသည်။ မောက်လင်(Maolin)ယာဂု၊ ဝါးမျှစ်ကြော်၊ ငါးဟင်းအိုးကပ် စသဖြင့် အစစ်အမှန်အရသာများကို မြည်းစမ်းနိုင်မည်ဖြစ်၍ ခရီးစဉ်သည် ပျော်မွေ့ဖွယ်ကောင်းလှသည်။
ချင်ကျိုးမြို့(Chizhou)သည် ကျန်းမာရေးလိုက်စားရန်အတွက် သင့်လျော်လှသည်။ ဖုံးလိုင်လိုဏ်ဂူ (Penglai) ၊ ယွီလုံလိုဏ်ဂူ (Yulong) ၊ ချင်ယွင်လိုဏ်ဂူ (Ciyun) စသည့် လှပဆန်းကြယ်သော ထုံးကျောက်လိုဏ်ဂူအမျိုးမျိုး ရှိသည်။ ခရီးစဉ်အတွင်း ရှေထိုင်ဒေသ(Shitai)ဝက်သားဟင်း၊ ကျန်းကျွင်းကန်(Jiangjun)ငါးခေါင်းဟင်း စသဖြင့် တမ်းတမ်းစွဲ လျှာလည်သွားစေမည့် ကျေးလက်ဟင်းလျာများကို မြည်းစမ်းနိုင်မည်ဖြစ်သည်။

Spring in Hongcun

Huizhou's Daobanxiang (Salted Bacon)


Hairy Tofu in Huizhou

Stinky Mandarin fish from Huizhou


“In” Lane of Liyang

Xin’an River Landscape Scroll— Shexian County section

Peach Blossom Lake Scenic Area in Jingxian County

A Custom in Jixi County, Huizhou— Saiqiong Bowl (One Sacrifice Anniversary)


Hu Shi Hotpot

Small Pancakes in Guichi District

Pot Feast in Lingyang

Mandarin fish in Dongzhi County

Flower Platform on the Mount Jiuhua
ရသာစုံကြွယ် ယန်စီမြစ်ဝယ်
ဝူဟူဟင်းလျာ(Wuhu)များသည် အန်းဟွေး၏ ယန်စီမြစ်ကြောတစ်လျှောက် ဟင်းလျာတွဲများအနက် ထင်ရှားပြီး မြစ်ချောင်းကန်အတွင်းရှိ ရေနေသတ္တဝါများကို အသုံးပြု ချက်ပြုတ်ခြင်းကြောင့် ကျော်ကြားသည်။ အရေခွံနီဘဲသား၊ မုန်လာဥမျှင်မုန့်၊ ပဲပြားနံကြော်၊ ပုစွန်ပဲပြားမျှင်၊ ရှောင်လုံထန်းပေါင်း (Xiaolongtangbao) စသည့် ဝူဟူရိုးရာစားဖွယ် အမျိုးမျိုးတို့သည် စားသုံးသူများအား စိတ်နှလုံးတွင် အမှတ်ရတမ်းတစေမည် ဖြစ်ပါသည်။
ထုံလင်ဂျင်းဖြူ(Tongling)သည် လျှာဖျားထက်တွင် လန်းဆန်းကြွပ်ရွပြီး ပူစပ်စပ်အရသာထဲတွင် ချိုမြိန်မှုပါရှိသည့် အရသာကို စားသုံးသူများ ထပ်ဖန်တလဲလဲ ခံစားနိုင်မည် ဖြစ်ပါသည်။
အန်းချင့်မြို့(Anqing)၏ တောင်ပေါ်ကုန်ကြမ်းများဖြင့် ချက်ပြုတ်သော ပျော့စေးစေး ကန်စွန်းဥမှုန့်ဝက်သားဟင်းဖြစ်စေ၊ လတ်ဆတ်သော ရေထွက်ကုန်များဖြင့် ချက်ပြုတ်သော ဟွားထိန်ကန်(Huating)ငါးခေါင်းဟင်းဖြစ်စေ အရသာအားလုံးမှာ သဘာဝအတိုင်းဖြစ်၍ မြိန်ရေရှက်ရေ ရှိလှပြီး စိတ်နှလုံးထဲတွင် အန်းချင့်အမှတ်တရတစ်ခု ထင်ရှားစွာ စွဲထင်ကျန်ရစ်စေမည် ဖြစ်ပါသည်။

Caishiji Dried tea-flavor Bean in Ma’anshan

Caishiji Scenery View

Steamed Chinese Dumplings with Lotus fragrance

Wuhu's traditional snacks

A Night Tour of the Ancient Town of Jiuzi

Wuhu Bay scenery

The Old Town of Datong at sunset

A picture of urban ecology—Tianjing Lake in Tongling



Tongling White Ginger(Photos)

Hu Yumei Horsebean Chili Sauce


The Making of Horsebean paste

Stir-frying the Rice

Fried rice in Hot Chicken Soup

Anqing River View
