ရောင်စုံယူနန် ကမ္ဘာ့ဥယျာဉ်မြေ - ရှုမငြီးနိုင်အောင် သာယာလှပ၊ နေချင်စဖွယ် တာလီဒေသ
ဗီဒီယိုများကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
၂၀၂၂ ခုနှစ် တရုတ် နိုင်ငံတကာခရီးသွားပြပွဲ (China International Travel Mart 2022) ကို ဇူလိုင်လ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့အထိ ကူမင်းမြို့ရှိ တျမ်ချီအပြည်ပြည်ဆိုင်ရာပြပွဲစင်တာ (Dianchi International Convention and Exhibition Center) တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုသူ မိတ်ဆွေပရိသတ်များအတွက် ယူနန်ပြည်နယ်၏ ခရီးသွားအကြောင်းအရာများကို ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ မိတ်ဆက်ပေးနိုင်ရန်အတွက် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ယူနန်ပြည်နယ်ရှိ ပြည်နယ်ခွဲနှင့်မြို့ဒေသ (၁၆)ခု၏ ခရီးသွားပုံရိပ်အကြောင်း မိတ်ဆက်ဗီဒီယိုများကို ယနေ့မှစ၍ အပိုင်းဆက်များဖြင့် တင်ဆက်ပြသသွားမည်ဖြစ်သည်။
တာလီဒေသ(Dali)တွင် သာယာလှပသော တောတောင်ရေမြေရှုမျှော်ခင်း၊ လှပကြည်လင်သော အယ်ဟိုင်ကန်(Erhai)အပြင် ထူးခြားဆန်းကြယ်၍ ခမ်းနားထည်ဝါလှသော ချန်းစန်းတောင်(Cangshan)နှင့် လောင်ကျွင်းတောင်(Laojun) ခရီးသွားနေရာတို့၏ ရှုခင်းအလှများလည်း ရှိပါသည်။ တာလီဒေသ(Dali)သည် တောင်စွယ်တောင်တန်း မြစ်ချောင်းနှင့်ရေကန် သဘာဝအရင်းအမြစ်များ ပေါများကြွယ်ဝရုံသာမက သူမတူထူးခြားသော ကျန်းမာရေးအတွက် ကောင်းမွန်စေသည့် ရေပူစမ်းများ၊ ဆွဲဆောင်မှုရှိသော ရှေးဟောင်းမြို့(ရွာ)များ၊ ပိုင်လူမျိုး(Bai) တို့၏ ရိုးရာနေအိမ်များနှင့် များပြားလှသော တိုင်းရင်းသားရိုးရာပွဲတော်များ စသည့် ခရီးသွားအရင်းအမြစ်များစွာ ရှိပါသည်။ ကျန့်ချွမ်းကောင်တီ(Jianchuan)ရှိ ပန်းပုလက်ရာများ၊ ပိုင်လူမျိုး(Bai)တို့၏ ဆေးဆိုးပန်းရိုက်ထည်များ၊ တာလီဒေသထွက် ထော်လက်ဖက်ခြောက်(Tuocha)၊ ဟယ့်ချင်းကောင်တီ(Heqing)ရှိ ငွေထည်၊ကြေးထည်ပစ္စည်းများ ကဲ့သို့သော ခရီးသွားအမှတ်တရပစ္စည်းများသည်လည်း လူသိများကျော်ကြားလှပါသည်။
ယနေ့အစီအစဉ်တွင် ရှုမငြီးနိုင်အောင် သာယာလှပနေသော ရှုခင်းများနှင့် နေချင်စဖွယ်ကောင်းလှသည့် တာလီဒေသကို အတူတကွ ရှုစားလိုက်ကြရအောင်လားရှင်။