တရုတ်နိုင်ငံရောက် မြန်မာသတင်းထောက် - ပေကျင်းဆောင်းရာသီအိုလံပစ် မြန်နှုန်းမြင့်ရထား၏ မြန်ဆန်မှု

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-07-16 19:07:16


ဗီဒီယိုကို China Media Group (CMG) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



ပေကျင်းဆောင်းရာသီအိုလံပစ် မြန်နှုန်းမြင့်ရထားသည် ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအတွက် အထူးတလည် ပြုလုပ်ဖန်တီးထားသော ရထားဖြစ်ပြီး စမတ်နည်းပညာအသုံးပြုမှု၊ စွမ်းအင်ချွေတာမှု၊ လူ့ယဉ်ကျေးမှု စသည့် ထူးခြားချက်များ ပါရှိသည်။ အဆိုပါ မြန်နှုန်းမြင့်ရထားသည် ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲနှင့် ပေကျင်းဆောင်းရာသီမသန်စွမ်းအိုလံပစ်ပြိုင်ပွဲတို့အတွက် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများကို ဇန်နဝါရီလ (၂၁) ရက်နေ့မှ မတ်လ (၁၆) ရက်နေ့အထိ စုစုပေါင်း (၅၅) ရက်ကြာ ဆောင်ရွက်ပေးခဲ့ပါသည်။


WeChat Image_20220715155132.png


ပေကျင်းဆောင်းရာသီအိုလံပစ် မြန်နှုန်းမြင့်ရထားတွင် 5G နည်းပညာသုံး Ultra HD  ရုပ်သံလွှင့်စတူဒီယိုခန်း ပါရှိသည်။ ရထားဒီဇိုင်းအပြင်အဆင်မှာ ရေခဲဆီးနှင်း၏ အပြာရောင်အောက်ခံပေါ်တွင် လွင့်ဝဲလွန့်လူးနေသော အဖြူရောင်လိုင်းများ တွဲဖက်ထားပြီး နှင်းပွင့်နှင့် အားကစားပုံရိပ်များမှာ လိုက်ဖက်ညီကာ ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ အငွေ့အသက်များကို ပေါ်လွင်စေပါသည်။


WeChat Image_20220715155135.png


ရထားအတွင်းရှိ အထောက်အကူပြုပစ္စည်းများမှာ နည်းပညာ အဆင့်မြင့်၍ ခေတ်မီဆန်းသစ်သည်။ ရထားမျက်နှာကြက်ပေါ်၌ ချိတ်ဆွဲထားသည့် နှင်းပွင့်အဆင်တန်ဆာလေးများက ဤခရီးစဉ်သည် ကြည်နူးပျော်ရွှင်ဖွယ် ရေခဲဆီးနှင်းခရီးစဉ်တစ်ခုဖြစ်ကြောင်းကို စီးနင်းလိုက်ပါလာသည့် ခရီးသည်များအား ဖော်ရွေပျူငှာစွာ အသိပေးနေသကဲ့သို့ပင် ဖြစ်နေပါသည်။ တစ်နာရီလျှင် (၃၅၀) ကီလိုမီတာအထိ မောင်းနှင်နိုင်သော ဤမြန်နှုန်းမြင့်ရထားသည် မြန်ဆန်၍ ငြိမ်သည်။ ပေကျင်းမြို့ ချင်းဟော်ဘူတာ (Qinghe) မှ ရန်ချင့် (Yanqing) ၊ ထိုက်ဇီချိန် (Taizicheng) နှင့် ချုံလီဘူတာ (Chongli) များအထိ မောင်းနှင်ရန် ကြာချိန်အသီးသီးမှာ (၂၆) မိနစ်၊ (၅၀) မိနစ်နှင့် (၆၅) မိနစ်မျှသာ ဖြစ်သည်။


WeChat Image_20220715155139.png


ယနေ့အစီအစဉ်တွင် မြန်မာသတင်းထောက်နှင့်အတူ ပေကျင်းဆောင်းရာသီအိုလံပစ် မြန်နှုန်းမြင့်ရထားကို လိုက်ပါစီးနင်းပြီး တရုတ်နိုင်ငံ၏ တိုးတက်မှုအရှိန်အဟုန်ကို ကြည့်ရှုခံစားကြရအောင်။