တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား - အတွင်းမွန်ဂိုးလီးယားဒေသ၊ ဟူနန်ပြည်နယ်၊ ကွမ်ရှီးပြည်နယ်
ဗီဒီယိုများကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား” ကဏ္ဍတွဲဆိုင်ရာ ဗီဒီယိုများကို မိတ်ဆက်ပေးသွားမည်ဖြစ်ကာ တရုတ်နိုင်ငံရှိ ပြည်နယ်အဆင့် အုပ်ချုပ်ရေးဒေသများအလိုက် ပိုင်းခြား၍ တင်ဆက်ထားသည်။ ဤအချိန်တစ်မိနစ်အတွင်းတွင် နေရာတစ်ခုချင်းစီ၏ တစ်မူထူးခြားသော ခရီးသွားယဉ်ကျေးမှုအရင်းအမြစ်များကို ပြသထားပြီး ကြည့်ရှုသူပရိသတ်တို့အတွက် တစ်မိနစ်စာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းအလှများကို တင်ဆက်ပေးသွားမည် ဖြစ်ပါသောကြောင့် ဆက်လက်စောင့်မျှော်ကြည့်ရှုရန်အတွက် သတင်းကောင်းပါးပါရစေရှင်။
အတွင်းမွန်ဂိုးလီးယားဒေသ
အတွင်းမွန်ဂိုးလီးယားဒေသသည် ခမ်းနားလှပ၍ ကြီးမားကျယ်ပြောလှပြီး လှည့်လည်သွားလာနေထိုင်တတ်သည့် ယဉ်ကျေးမှုသမိုင်း ရှည်ကြာနေပြီဖြစ်သည်။ မိုးကောင်းကင်နှင့် ထိစပ်နေသည့်အလား ထင်ရသည့် မြစိမ်းရောင်မြက်ခင်းလွင်ပြင်၊ အဆုံးအစမဲ့ အလွန်ကျယ်ပြောသော သစ်တောအုပ်ကြီးနှင့် တိမ်ပင်လယ်ကြီး၊ ကွေးကွေးကောက်ကောက် ကျယ်ကျယ်ပြန့်ပြန့် မြစ်ချောင်းများနှင့် အဆုံးမရှိ ကြီးမားကျယ်ပြန့်သော သဲကန္တာရကြီးများလည်း ရှိပါသည်။ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော ယွမ်ခေတ်စန့်တူးရှေးဟောင်းအမွေအနှစ်နေရာ (Site of Xanadu) သည် အတွင်းမွန်ဂိုးလီးယားဒေသ၏ နယ်လှည့်ထိန်းကျောင်းမှုပြုကာ နေထိုင်တတ်ကြသည့်ယဉ်ကျေးမှု ထွန်းကားခဲ့ကြောင်းကို သက်သေပြနေပါသည်။ နယ်စပ်မြို့ကလေး မန်ကျိုးလီ(Manzhouli)တွင် တစ်နယ်တစ်ကျေး အခြားဒေသ၏ ထူးခြားဆန်းပြားသော ရိုးရာဓလေ့အငွေ့အသက်များ ပြည့်နှက်နေပြီး ဟူးလွန်ပိတ်အဲ(Hulun Buir) မြက်ခင်းလွင်ပြင်ကြီးတွင် ပြာလဲ့လဲ့မိုးကောင်းကင်နှင့် စိမ်းစိုစိုမြက်ခင်းပြင်၊ သိုး၊နွား အစုလိုက်အဖွဲ့လိုက်များ အစရှိသည်တို့ကို တွေ့မြင်နိုင်ပါသည်။ ဤဒေသတစ်ခွင်တွင် မြက်ခင်းလွင်ပြင်နှင့် ကန်ရေပြင်များတစ်လျှောက် အေးမြလန်းဆန်းဖွယ်ကောင်းသော နွေကာလကို ထိတွေ့ခံစားနိုင်ပါသည်။
ဟူနန်ပြည်နယ် (Hunan)
ဟူနန်ပြည်နယ်(Hunan)သည် တောတောင်ရေမြေများ သာယာလှပ၍ လူရည်ချွန်များ မွေးထုတ်ပေးရာ နေရာတစ်ခုလည်းဖြစ်ပြီး သမိုင်းကြောင်းယဉ်ကျေးမှုများ ကျယ်ပြန့်နက်ရှိုင်းလှပေသည်။ ဤဒေသတွင် ကမ္ဘာ့သဘာဝအမွေအနှစ်ဖြစ်သော ဝူလင်ယွမ်(Wulingyuan) အထင်ကရရှုမျှော်ခင်းနေရာနှင့် လန့်စန်းတောင်(Langshan)၊ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော လောင်စီးချန်(Laosicheng) ရှေးဟောင်းအမွေအနှစ်နေရာ၊ တရုတ်နိုင်ငံ၏ အထင်ကရပုဂ္ဂိုလ် မော်စီတုန်း(Mao Zedong)၏ မွေးရပ်ဇာတိမြေဖြစ်သော ရှောင်စန်းမြို့(Shaoshan)၊ နှစ်ပေါင်းထောင်ချီသက်တမ်းရှိသော ယွဲ့လုစာသင်ကျောင်း(Yuelu) နှင့် မဖြစ်မနေ သွားရောက်လည်ပတ်သင့်သော နာမည်ကြီးဇာမဏီရှေးဟောင်းမြို့တို့ တည်ရှိပါသည်။ ဟူနန်ပြည်နယ်(Hunan)သည် တရုတ်နိုင်ငံ၏ “အစပ်”အစားနိုင်ဆုံး ပြည်နယ်များအနက်မှ တစ်ခုအပါအဝင်လည်း ဖြစ်သည်။ နွေရာသီကာလ ရောက်ရှိလာချိန်တွင် သာယာရှုမောဖွယ်ကောင်းသော ဟူနန်တောတောင်ရေမြေ ရှုခင်းအလှအပများကို လည်ပတ်ကြည့်ရှု ခံစားလေ့လာနိုင်ပါသည်။
ကွမ်ရှီးပြည်နယ် (Guangxi)
“တောတောင်သဘာဝ ရေမြေအလှ၊ ကွေ့လင်ရှုခင်းက ပထမ” ဟူသော စကားရပ်နှင့်အညီ ကွေ့လင်းမြို့(Guilin)၏ သဘာဝအလှတရားများက ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားဧည့်သည်များကို ဤနေရာသို့ အရောက်လာ၍ ကြည့်ရှုခံစားနိုင်ရန်၊ ကွမ်ရှီးပြည်နယ်(Guangxi)ကို လေ့လာလိုစိတ်များဖြစ်စေရန် ဆွဲဆောင်နေပါသည်။ ဤဒေသတွင် ပန်းချီကားသဖွယ် သာယာလှပသော တောတောင်ရေမြေ သဘာဝရှုခင်းနှင့် ဂေဟစနစ်အသွင်အပြင် ထူးခြားဆန်းကျယ်မှုများ၊ ရှေးကျပြီး ခမ်းနားထည်ဝါသော သမိုင်းကြောင်းယဉ်ကျေးမှုများ၊ အသွင်စုံလင် များပြားကြွယ်ဝသော တိုင်းရင်းသားရိုးရာဓလေ့ထုံးစံများ၊ သူမတူထူးခြားမှု အားသာချက်များရှိသော သက်ရှည်ကျန်းမာစေသည့် သဘာဝအရင်းအမြစ်များ ရှိပါသည်။ တောတောင်ရေမြေ သဘာဝတရားကြီးက အရာခပ်သိမ်းတို့၏ သိမ်မွေ့နက်နဲမှုများကို ဖော်ပြနေသည်။ တောတောင်ရေမြေရှုခင်းများကို ခံစားချက်နှင့်အတူ လှစ်ဟထုတ်ဖော်လို့၊ တေးသံသာသီချင်းများကို အချုပ်အချယ်ကင်းမဲ့စွာ သီကျူးမိလေရဲ့။ နွေရက်၏ ပျော်ရွှင်ဖွယ်အချိန်လေးများကို ခမ်းနားလှပသော ကွမ်ရှီးပြည်နယ်(Guangxi)အား ကြည့်ရှုခံစားရင်း ဖြတ်သန်းကုန်ဆုံးလိုက်ပါ။