တရုတ်နိုင်ငံရောက် မြန်မာသတင်းထောက် - ကိုယ်တိုင်ခူးယူသော စတော်ဘယ်ရီသီးများမှ ရရှိသော ဘဝအပျော်
ဗီဒီယိုကို China Media Group (CMG) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
စတော်ဘယ်ရီသီးသည် အရသာ ကောင်းမွန်ပြည့်စုံ၍ လှပသည်။ ထို့အပြင် အာဟာရဓာတ်များစွာပါဝင်ပြီး ကျန်းမာရေးအတွက်လည်း ကောင်းမွန်သဖြင့် စားသုံးသူများက အထူးကြိုက်နှစ်သက်ကြသည်။ မကြာသေးမီနှစ်များမှစ၍ စတော်ဘယ်ရီစိုက်ခင်းသို့ သွားရောက်၍ စတော်ဘယ်ရီသီးများ ခူးယူခြင်းသည် ရေပန်းစားသည့် စားသုံးမှုပုံစံတစ်မျိုး ဖြစ်လာခဲ့ပါသည်။ စတော်ဘယ်ရီစိုက်ခင်းသို့ သွားရောက်ခူးယူသည့် စတော်ဘယ်ရီသီးများသည် လတ်ဆတ်လှသည့်အပြင် ထိုကဲ့သို့ စတော်ဘယ်ရီသီးခူးခြင်းကို အားလပ်ချိန် အပန်းဖြေလှုပ်ရှားမှုတစ်မျိုးအဖြစ်လည်း ပြုလုပ်ကြသည်။
စိမ်းလန်းဝေဆာနေသည့် စတော်ဘယ်ရီစိုက်ခင်းထဲတွင် နီနီရဲရဲ နုနုထွတ်ထွတ် စတော်ဘယ်ရီသီးများက သစ်ရွက်စိမ်းများကြားတွင် တွဲလျားကျနေသည်မှာ အလွန်ပင် စွဲမက်ဖွယ်ကောင်းလှသည်။ မိသားစုလိုက် သို့မဟုတ် သူငယ်ချင်းအဖွဲ့လိုက် သွားရောက်၍ စတော်ဘယ်ရီသီးများကို ခူးယူမြည်းစမ်းရင်း စိုက်ခင်းရှုခင်းများကို ရှုစားရင်းဖြင့် ပျော်ရွှင်ကြည်နူးမှုကို ခံစားနိုင်ပါသည်။
ယနေ့အစီအစဉ်တွင် တရုတ်နိုင်ငံရှိ စတော်ဘယ်ရီစိုက်ခင်းသို့ မြန်မာသတင်းထောက်နှင့်အတူ သွားရောက်၍ စတော်ဘယ်ရီသီးခူးယူခြင်းအပျော်ကို ရှုမြင်ခံစားလိုက်ကြရအောင်။