တရုတ်နိုင်ငံရောက် မြန်မာသတင်းထောက် - နှစ်သက်မိသော ဟိုင်နန်ပင်လယ်စာများ
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-07-02 18:02:43
ဗီဒီယိုကို China Media Group (CMG) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ဟိုင်နန်ပြည်နယ် (Hainan)သို့ ရောက်လျှင် ပင်လယ်စာသုံးဆောင်ခြင်းသည် မပါမဖြစ်ပင် ဖြစ်သည်။ ဟိုင်နန်မှ ထွက်ရှိသည့် ပင်လယ်ခရု (Abalone) ၊ ကျောက်ပုစွန်၊ ကမာ၊ ပုစွန်ဖြူ (Chinese white shrimp) ၊ ကျောက်ငါး၊ တောက်မဆိတ်၊ ပြည်ကြီးငါး အစရှိသည့် ပင်လယ်စာများသည် အာဟာရဓာတ်ကြွယ်ဝခြင်း၊ လတ်ဆတ်ခြင်း အစရှိသည့် ထူးခြားချက်များရှိသဖြင့် ခရီးသွားဧည့်သည်များက အထူးကြိုက်နှစ်သက်ကြသည်။ ပင်လယ်စာသုံးဆောင်ခြင်း၊ စားဖွယ်ရာများမြည်းစမ်းခြင်းတို့သည် ဟိုင်နန်ခရီးစဉ်၏ အရေးပါသည့် ကဏ္ဍတစ်ခုပင် ဖြစ်သည်။
ယနေ့အစီအစဉ်တွင် ဟိုင်နန်ပြည်နယ်ရှိ ပင်လယ်စာမျိုးစုံ ရောင်းချသည့် ပင်လယ်စာဈေးသို့ မြန်မာသတင်းထောက်နှင့်အတူ သွားရောက်ပြီး ဟိုင်နန်ပြည်နယ်၏ လူကြိုက်အများဆုံး ပင်လယ်စာများကို အတူတူ လေ့လာကြည့်ကြရအောင်။