တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား - ဖူကျန့်ပြည်နယ်၊ ကွမ်တုန်းပြည်နယ်၊ ကျဲ့ကျန်းပြည်နယ်
ဗီဒီယိုများကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား” ကဏ္ဍတွဲဆိုင်ရာ ဗီဒီယိုများကို မိတ်ဆက်ပေးသွားမည်ဖြစ်ကာ တရုတ်နိုင်ငံရှိ ပြည်နယ်အဆင့် အုပ်ချုပ်ရေးဒေသများအလိုက် ပိုင်းခြား၍ တင်ဆက်ထားသည်။ ဤအချိန်တစ်မိနစ်အတွင်းတွင် နေရာတစ်ခုချင်းစီ၏ တစ်မူထူးခြားသော ခရီးသွားယဉ်ကျေးမှုအရင်းအမြစ်များကို ပြသထားပြီး ကြည့်ရှုသူပရိသတ်တို့အတွက် တစ်မိနစ်စာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းအလှများကို တင်ဆက်ပေးသွားမည် ဖြစ်ပါသောကြောင့် ဆက်လက်စောင့်မျှော်ကြည့်ရှုရန်အတွက် သတင်းကောင်းပါးပါရစေရှင်။
ဖူကျန့်ပြည်နယ် (Fujian)
ပင်လယ်ပြင်ကို အမှီသဟဲပြုတည်ရှိ၍ ပင်လယ်ကြောင့် စည်ပင်ဝပြောလာသည့် ဖူကျန့်ပြည်နယ်(Fujian)သည် ရှေးခေတ်ပင်လယ်ရေကြောင်းပိုးလမ်းမကြီး၏ အရှေ့တိုင်းရှိ အစပြုရာနေရာ ဖြစ်သည်။ ဖူကျန့်ပြည်နယ်(Fujian)သည် ယဉ်ကျေးမှုများ အသွင်စုံလင် များပြားကြွယ်ဝပြီး အလယ်ပိုင်းမြေပြန့်ဒေသ ယဉ်ကျေးမှုနှင့် ပင်လယ်ရေကြောင်းယဉ်ကျေးမှုတို့ အပြန်အလှန် ပေါင်းစပ်ရောယှက်ထားခြင်းများ ရှိသည်။ ယင်းပြည်နယ်တွင် ဝူယီတောင်(Wuyi)၊ ထူလုံ(Tulou) ခေါ် အဝိုင်းသဏ္ဌာန်ရှိ ဖူကျန့်ရှေးရိုးရာအဆောက်အဦ၊ ကူလန့်ယွီကျွန်း(Gulangyu)၊ ချွမ်ကျိုးမြို့(Quanzhou) အစရှိသည့် ကမ္ဘာ့အမွေအနှစ်နေရာများအပြင် သမိုင်းကြောင်း ရှည်လျားလှသော လက်ဖက်ယဉ်ကျေးမှုများလည်း ရှိပါသည်။
ကွမ်တုန်းပြည်နယ် (Guangdong)
ကွမ်တုန်းပြည်နယ်(Guangdong)သည် နန်လင်တောင်တန်း(Nanling)၏ အနောက်ဘက်တွင် တည်ရှိကာ တောင်တရုတ်ပင်လယ်ကို မျက်နှာမူလျက်ရှိနေသော ပြည်နယ်ဖြစ်ပြီး တရုတ်နိုင်ငံ တံခါးဖွင့်မူဝါဒ ကျင့်သုံးခြင်း၏ ပြတင်းပေါက်တစ်ခု ဖြစ်သကဲ့သို့ စွန့်ဦးတီထွင်လုပ်ငန်းများ လုပ်ကိုင်ရန် အခွင့်အလမ်း များပြားကောင်းမွန်သော နေရာတစ်ခုလည်းဖြစ်သည်။ ပြာလဲ့လဲ့ ပင်လယ်ရေကြောင်းယဉ်ကျေးမှုများသည် ဤဒေသကို အများနှင့် အပြန်အလှန် နားလည်လက်ခံနိုင်စွမ်းရှိသော နေရာတစ်ခုအဖြစ် ပုံဖော်ဖြစ်တည်စေခဲ့သည်။ ဤပြည်နယ်တွင် နိုင်ငံတကာအဆင့်မီမြို့ကြီးများရှိသကဲ့သို့ ပုံမှန်ဘဝနေထိုင်မှု အငွေ့အသက်များလည်း ရှိသည်။ ကွမ်တုန်းပြည်နယ်(Guangdong)တွင် အစားအသောက်ကောင်းများ များပြားလွန်းလှပြီး အမျိုးမျိုးအဖုံဖုံသော ကွမ်တုန်းစတိုင်လ် နံနက်စာတို့သည်လည်း စုံလင်လှပေသည်။
ကျဲ့ကျန်းပြည်နယ် (Zhejiang)
ကျဲ့ကျန်းပြည်နယ်(Zhejiang)တွင် ရှည်လျားသော သမိုင်းကြောင်းရှိကာ များပြားသော ပညာရှင်နှင့် ယဉ်ကျေးမှုအမွေအနှစ်များ စုဝေးတည်ရှိပြီး ယင်းသည် ပန်းချီကားချပ်သဖွယ် ကဗျာဆန်ဆန် သာယာလှပသော နေရာတစ်ခု ဖြစ်ပါသည်။ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်သည့် ရှီးဟူရေကန် (West Lake)၏ ရှုခင်းများမှာ သာယာကြည်နူးဖွယ်ကောင်းလှပြီး ပေကျင်း(Beijing)-ဟန်ကျိုး(Hangzhou) မဟာတူးမြောင်းကြီးသည်လည်း တောင်နှင့်မြောက်ကို ဖြတ်သန်းဆက်သွယ်လျက် ရှိနေပါသည်။ လျန်ကျူ(Liangzhu) ရှေးဟောင်းအမွေအနှစ်နေရာသည် တရုတ်နိုင်ငံ သမိုင်းကြောင်း နှစ်ပေါင်း(၅၀၀၀)ကျော် သက်တမ်းရှိမှု၏ သက်သေပြယုဂ်တစ်ခုပင်ဖြစ်ပြီး ကျန်းလန်တောင်(Jianglang)သည်လည်း တရုတ်နိုင်ငံရှိ အလှပဆုံးသော Danxia landform ခေါ် ရောင်စုံသဘာဝမြေမျက်နှာသွင်ပြင်များအနက်မှ တစ်ခုအပါအဝင်ဖြစ်သည်။ ကျဲ့ကျန်းပြည်နယ်(Zhejiang)သည် ပိုးထည်၊ ကြွေထည်၊ လက်ဖက်ခြောက်တို့၏ ဇာတိဌာနေဖြစ်ပြီး ရှီးဟူရေကန်(West Lake)၏ ဒေသထွက် လုံကျင်(Longjing) လက်ဖက်ခြောက်သည်လည်း ရနံ့မွှေးကြိုင်လှသည်။ ပိုးထည်ယဉ်ကျေးမှုမှာ သမိုင်းကြောင်းရှည်ကြာပြီး လုံချွမ်(Longquan) စဉ့်စိမ်းတင်ကြွေထည်သည် ကမ္ဘာတစ်ဝှမ်းတွင် လူကြိုက်များ၍ ကျော်ကြားလှသည်။