တရုတ်နိုင်ငံရောက် မြန်မာသတင်းထောက် - မဖြစ်မနေဝယ်ယူသင့်သည့် သွားရည်ယိုစဖွယ် ရှင်းကျန်းဒေသထွက်ကုန်များ
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-06-25 17:11:13
ဗီဒီယိုကို China Media Group (CMG) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ရှင်းကျန်း (Xinjiang) မှ ထွက်ရှိသော အယ်လ်မွန် (Almond) ၊ သဖန်းသီး၊ စပျစ်သီးခြောက်၊ စွန်ပလွံသီး၊ အခွံပါးသစ်ကြားသီး၊ တရုတ်ဆီးသီးနီ၊ ဘင်္ဂလားဆီးသီးခြောက်၊ မုန့်ဝိုင်းပြား အစရှိသည့် ရှင်းကျန်းဒေသထွက်ကုန်များသည် ပြည်တွင်းတွင်သာမက ပြည်ပမှာပါ နာမည်ကျော်ကြားသည်။ ယင်းတို့သည် အရည်အသွေးမြင့်ပြီး အရသာ အထူးကောင်းမွန်သောကြောင့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ ရှင်းကျန်းသို့ လာရောက်လည်ပတ်လျှင် မဖြစ်မနေ ဝယ်ယူသင့်သည့် ဒေသထွက်ကုန်များပင် ဖြစ်သည်။
ယနေ့အစီအစဉ်တွင် ပစ္စည်းအမျိုးစုံလင်စွာ ရောင်းချသည့် ရှင်းကျန်းရှိ စတိုးဆိုင်တစ်ဆိုင်သို့ မြန်မာသတင်းထောက်နှင့်အတူ သွားရောက်ပြီး သွားရည်ယိုစဖွယ် ရှင်းကျန်းဒေသထွက်ကုန် စားဖွယ်ရာများကို အတူတူ လေ့လာကြည့်ကြရအောင်။