Visiting China Online - နေရောင်ခြည်ဖြာဖြာဝေတဲ့ ဟိုင်နန်ဝယ် ပင်လယ်ပြင်ကို ငေးမောရင်း လှိုင်းသံလေးတွေ နားဆင်ကြမယ်
ဗီဒီယိုနှင့် ဓာတ်ပုံများကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ဟိုင်နန်ပြည်နယ် (Hainan) မိတ်ဆက်ဗီဒီယို
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ယခင်က တင်ဆက်ခဲ့သော အစီအစဉ်များတွင် မြန်မာသတင်းထောက်တစ်ဦး၏ ရှုထောင့်အမြင်ဖြင့် ဟိုင်နန်ပြည်နယ် (Hainan) ရှိ လျှပ်စစ်ရထား၊ နှစ်ထပ်ဘတ်စ်ကားနှင့် အပူပိုင်းဒေသထွက် သစ်သီးဝလံများကို မိတ်ဆက်ပေးခဲ့ပြီး ဖြစ်ပါသည်။ ယနေ့အစီအစဉ်တွင် ဟိုင်နန်ပြည်နယ် (Hainan) ၏ ဟိုင်ခိုမြို့ (Haikou) ၊ စန်းယမြို့ (Sanya) နှင့် ဝမ့်နင်မြို့ (Wanning) ယင်းမြို့(၃)မြို့ကို အထူးမိတ်ဆက်ပေးသွားမည်ဖြစ်ကာ ဤအစီအစဉ်မှတစ်ဆင့် ကြည့်ရှုသူပရိသတ်များအတွက် ဟိုင်နန်ပြည်နယ် (Hainan) အကြောင်းကို ပိုမိုသိရှိနားလည်စေနိုင်မည်ဟု မျှော်လင့်မိပါသည်။
ဟိုင်ခိုမြို့ (Haikou)
ဟိုင်နန်ပြည်နယ် (Hainan) တွင် သဘာဝဂေဟစနစ် အရင်းအမြစ်များ ပေါများကြွယ်ဝပြီး လှပသော ပင်လယ်အော် (၆၈) ခု၊ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ (၁၀၀၀) ကျော် အမြင့်ရှိသော တောင်ထွတ် (၈၁) တောင်၊ အမျိုးသားအဆင့် သစ်တောဥယျာဉ် (၉) ခုနှင့် သဘာဝရေပူစမ်း နေရာ (၇၀) ကျော် ရှိပါသည်။
စန်းယမြို့ (Sanya)
ဟိုင်နန်ပြည်နယ် (Hainan) သည် သဘာဝရှုခင်းအလှများရှိသော ဂေဟစနစ်အသွင် ကျွန်းတစ်ခု ဖြစ်ရုံသာမကဘဲ တစ်မူထူးခြားသော ဆွဲဆောင်မှုများနှင့် ပြည့်နှက်နေသည့် ယဉ်ကျေးမှုဆိုင်ရာ ကျွန်းတစ်ခုလည်း ဖြစ်ပါသည်။ ဤနေရာတွင် ဟိုင်နန်(Hainan) လီတိုင်းရင်းသား(Li)နှင့် မြောင်တိုင်းရင်းသား(Miao)တို့၏ “စန်းယွဲ့စန်း” ဟူ၍ ခေါ်ဝေါ်ကြသည့် တရုတ်ပြက္ခဒိန်အရ (၃)လပိုင်း (၃)ရက်နေ့တွင် ကျင်းပသော ရိုးရာပွဲတော်၊ ဟိုင်နန်ကျွန်း ကျွန်းပတ် နိုင်ငံတကာရွက်လှေပြိုင်ပွဲ (Round Hainan International Regatta) နှင့် ယှဉ်ပြိုင်မှုစွမ်းရည်မြင့် ပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ အစရှိသော ထူးထူးခြားခြား လှုပ်ရှားမှုပွဲများစွာ ရှိပါသည်။
ဝမ့်နင်မြို့ (Wanning)
ဟိုင်နန်ပြည်နယ် (Hainan) တွင် နေရောင်ခြည်၊ ပင်လယ်ကမ်းခြေနှင့် ပင်လယ်ကမ်းရိုးတန်းတို့မှ သယ်ဆောင်လာသော ကြည်နူးဖွယ်ရာ သာယာပျော်ရွှင်မှုများကို အပြည့်အဝ ခံစားနိုင်မည်ဖြစ်သည်။ ပင်လယ်ရေအောက်ကြမ်းပြင်အထိ ရေငုပ်ပြီး ပင်လယ်သမုဒ္ဒရာမှ သက်ရှိသတ္တဝါများနှင့် ရုက္ခပင်များ၏ အသွင်စုံလင် များပြားကြွယ်ဝမှုများကိုလည်း လေ့လာနိုင်သည့်အပြင် သဘာဝအပူပိုင်းမိုးသစ်တောဒေသ တောတွင်းစွန့်စားသွားလာမှု ခရီးစဉ်အဖြစ် စီစဉ်ဆောင်ရွက်နိုင်ပြီး နိုင်ငံတကာ အခွန်ကင်းလွတ်ခွင့်ရ ကုန်တိုက်ကြီးများတွင်လည်း ဈေးဝယ်ထွက်ရင်း လွတ်လပ်ပျော်ရွှင်စွာ စိတ်အပန်းဖြေနိုင်ပါသည်။ သဘာဝရေပူစမ်းအပန်းဖြေစခန်းတွင် ကျန်းမာသုခနှင့် ပြည့်စုံသော ခရီးသွားပုံစံမှ သယ်ဆောင်လာပေးသည့် သဘာဝကုထုံးများကို ထိတွေ့ခံစားနိုင်ပြီး မီးတောင်ကျောက်ဆောင်များပေါ်တွင် တည်ဆောက်ထားသော တစ်မူထူးခြားလှသည့် ဂေါက်ကွင်း၌ ဂေါက်သီးရိုက်အားကစား၏ ဆွဲဆောင်မှုကိုလည်း တွေ့ကြုံခံစားနိုင်မည်ဖြစ်သည်။
ဟိုင်နန်ပြည်နယ် (Hainan) ၏ ပြည့်စုံကြွယ်ဝသော ဂေဟစနစ်ဆိုင်ရာ အရင်းအမြစ်များ၊ သမိုင်းကြောင်းယဉ်ကျေးမှုများ၊ ရိုးရာဓလေ့ထုံးစံများနှင့် ခေတ်မီဖက်ရှင်များသည် ခရီးသွားများ လိုလားသည့် မိသားစုများအကြား ချစ်ခင်ရင်းနှီးရေး တိုးပွားစေမှု၊ အားကစားလှုပ်ရှားမှု၊ ကျန်းမာသုခနှင့် ပြည့်စုံသော ခရီးသွားပုံစံနှင့် ရိုးရာဓလေ့ထုံးတမ်းများ အစရှိသော အမျိုးမျိုးအဖုံဖုံသော ခရီးသွားခံစားမှုအတွေ့အကြုံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါသည်။