တရုတ်နိုင်ငံရောက် မြန်မာသတင်းထောက် - တရုတ်တိုင်းရင်းအနှိပ်ကုထုံး၏ ဆန်းကြယ်မှု

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-06-18 19:57:50


ဗီဒီယိုကို China Media Group (CMG) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



တရုတ်တိုင်းရင်းအနှိပ်ကုထုံးသည် တရုတ်တိုင်းရင်းဆေးပညာဆိုင်ရာ အယူအဆများအပေါ် အခြေခံထားခြင်းဖြစ်ပြီး ခန္ဓာကိုယ်အပြင်ဘက်မှ သတ်မှတ်ထားသော နေရာအစိတ်အပိုင်းများကို နှိပ်နယ်နည်းမျိုးစုံဖြင့် နှိပ်နယ်ပေးခြင်း သို့မဟုတ် ခန္ဓာကိုယ်လုပ်ဆောင်ချက်များ ပကတိအတိုင်းပြန်လည်ဖြစ်စေရန် သို့မဟုတ် ပိုမိုကောင်းမွန်စေရန်အတွက် အချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ လှုပ်ရှားမှုများအတိုင်း အလိုက်သင့် ပံ့ပိုးလုပ်ဆောင်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ 



တရုတ်ရိုးရာတိုင်းရင်းအနှိပ်ကုထုံး၏ သမိုင်းသက်တမ်းမှာ နှစ်ပေါင်းထောင်ချီနေပြီဖြစ်သည်။ နှိပ်နည်းနှိပ်ကွက် များပြားစုံလင်ပြီး ဆေးပညာဆိုင်ရာ၊ ခွဲစိတ်မှုဆိုင်ရာ၊ သားဖွားနှင့်မီးယပ်ဆိုင်ရာ၊ ကလေးကျန်းမာရေးဆိုင်ရာနှင့် အရိုးအကြောဆိုင်ရာ ရောဂါများကို ကုသပေးနိုင်ပါသည်။ တရုတ်တိုင်းရင်းအနှိပ်ကုထုံးသည် ရိုးရှင်းပြီး ဘေးကင်းသည့်အပြင် သိသာထင်ရှားသော အကျိုးအာနိသင်ကိုလည်း ပေးစွမ်းနိုင်သဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။



ဤအစီအစဉ်တွင် မြန်မာသတင်းထောက်မှ တရုတ်တိုင်းရင်းအနှိပ်ကုထုံး၏ ဆန်းကြယ်မှုအကြောင်းကို မိတ်ဆက်ဝေမျှပေးသွားမည် ဖြစ်ပါသည်။ အားလပ်ချိန်များတွင် ပရိသတ်များအနေဖြင့်လည်း နာကျင်ကိုက်ခဲမှုကို ကုသရန်၊ ပင်ပန်းနွမ်းနယ်မှုကို ဖြေလျှော့ရန်နှင့် ခန္ဓာကိုယ်ကျန်းမာရေး ထိန်းညှိရန်အတွက် တရုတ်တိုင်းရင်းအနှိပ်ကုထုံးကို စမ်းသပ်ခံယူကြည့်နိုင်ပါသည်။