“ရေခဲဆီးနှင်းအလှတရား” ဓာတ်ပုံပြပွဲ ဒီနွေကို အေးမြလန်းဆန်းစေမှာ ဧကန်မလွဲ
ဇွန်လပိုင်းသည် မြန်မာနိုင်ငံ၌ နွေရာသီမှ မိုးရာသီ အကူးအပြောင်းကာလဖြစ်ပြီး ရာသီဥတုပူပြင်း၍ စိုထိုင်းထိုင်းဖြစ်သည်။ Beijing Inter Art Center / Gallery မှ ကျင်းပပြုလုပ်သော “ရေခဲဆီးနှင်းအလှတရား” ဓာတ်ပုံပြပွဲသို့ ဝင်ရောက်ကြည့်ရှုရန် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ရင်းနှီးလေးစားစွာ ဖိတ်ခေါ်ပါရစေရှင်။ ဤဓာတ်ပုံပြပွဲမှ ပရိသတ်တို့အား အေးမြလန်းဆန်းသော နွေရာသီနေ့ရက်များအဖြစ် ရရှိခံစားစေမည်ဖြစ်သည်။
“ရေခဲဆီးနှင်းအလှတရား” ဓာတ်ပုံပြပွဲတွင် တရုတ်ဓာတ်ပုံဆရာ (၄)ဦးတို့၏ ရေခဲဆီးနှင်း ဓာတ်ပုံလက်ရာပေါင်း (၂၅) ပုံကို တင်ဆက်ပြသထားသည်။ ဤပြပွဲတွင် တရုတ်နိုင်ငံ အရှေ့ပိုင်းပြည်နယ် (၃) ခု (လျောင်းနင်ပြည်နယ် (Liaoning)၊ ကျီလင်ပြည်နယ် (Jilin)၊ ဟေးလုံကျန်းပြည်နယ် (Heilongjiang))၊ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ပေကျင်းမြို့ (Beijing) အစရှိသော တရုတ်နိုင်ငံမြောက်ပိုင်းဒေသများ၏ ရှုခင်းအလှနှင့် ယဉ်ကျေးမှုအသွင်သဏ္ဌာန်များကို ခင်းကျင်းပြသထားပြီး ပရိသတ်များအား တရုတ်နိုင်ငံရှိ အသွင်စုံလင်လှသော တိုင်းရင်းသားလူမျိုးတို့၏ ရေခဲဆီးနှင်းယဉ်ကျေးမှုကို တွေ့မြင်ခံစားစေနိုင်ကာ တရုတ်နိုင်ငံ၏ သူမတူထူးခြားသော သဘာဝရေခဲဆီးနှင်း၏ ဆွဲဆောင်မှု အလှတရားများကိုလည်း ခံစားသိရှိစေနိုင်မည်ဖြစ်သည်။
အဆိုပါ ဓာတ်ပုံလက်ရာများသည် ကြည်လင်ပြောင်လက်သော ရေခဲဆီးနှင်းများကို ခံစားမှု၏ လှစ်ဟပြသချက်အဖြစ် ထားရှိကာ သဘာဝတရားကြီး၏ အနှစ်သာရ ပြည့်စုံကြွယ်ဝမှု၊ ခံစားမှုရသ၊ ဓာတ်ပုံအရောင်အသွေး (color tone)နှင့် တိုင်းရင်းသားလူမျိုးအသီးသီးတို့၏ မတူညီကွဲပြားသော ယဉ်ကျေးမှုဓလေ့ထုံးတမ်းများမှတစ်ဆင့် လူသားနှင့် သဘာဝတရားတို့၏ သဟဇာတဖြစ်မှုကို ပြသထားပြီး အနုပညာရှင်တို့၏ သဘာဝတရားကြီးနှင့် ဘဝရှင်သန်မှုများအပေါ် ထားရှိသော တုနှိုင်းမဲ့ ချစ်ခြင်းမေတ္တာများကို တင်ဆက်ဖော်ပြထားသည်။