တရုတ်နိုင်ငံရောက် မြန်မာသတင်းထောက် - သိုးမွေးမြူသူ၏ ဘဝနေထိုင်မှုပုံစံအသစ်
ဗီဒီယိုကို China Media Group (CMG) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ရှင်းကျန်း၏ (Xinjiang) ဒေသန္တရအစိုးရများသည် သိုးမွေးမြူရေးလုပ်ကိုင်သူများအား ငွေကြေးကူညီထောက်ပံ့ပေးသည့် တစ်ချိန်တည်းမှာပင် မွေးမြူရေးဆိုင်ရာ သိပ္ပံနည်းကျ အသိပညာ ဗဟုသုတများလည်း မျှဝေပေးပါသည်။ ထို့အပြင် မျိုးစပ်သားဖောက်ခြင်း၊ သိပ္ပံနည်းကျမွေးမြူခြင်း၊ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ခြင်း အစရှိသည့် ကဏ္ဍများ၌ လမ်းညွှန်ပံ့ပိုးပေးမှုများကြောင့် သိုးကောင်ရေတိုးပွားမှုနှင့် အသားအရည်အသွေးပိုင်းတွင် ရလဒ်ကောင်းများစွာ ရရှိစေခဲ့ပါသည်။ ဤသို့ဖြင့် သိုးမွေးမြူသူများ၏ ဝင်ငွေမှာလည်း ဆတက်ထမ်းပိုး တိုးပွားလာပါသည်။
အစိုးရ၏ ကူညီထောက်ပံ့မှုဖြင့် ရှင်းကျန်းရှိ သိုးမွေးမြူသူများ၏ ဘဝအခြေအနေမှာ များစွာ တိုးတက်ကောင်းမွန်လာခဲ့ပါသည်။ အိမ်ကြီးအိမ်ကောင်းများတွင် လျှပ်စစ်အပူပေးစက်၊ ရေခဲသေတ္တာ၊ တီဗီ အစရှိသည့် အသုံးအဆောင်ပစ္စည်းများ အစုံအလင်ဖြင့် နေထိုင်လာနိုင်ကြပြီး ဂေဟစနစ်နှင့် စီးပွားရေး နှစ်ရပ်လုံးအတွက် အကျိုးရလဒ်များ ဖြစ်ထွန်းစေသည့် တိုးတက်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့ကြပါသည်။