ဇာတိယူနန်မြေ သစ္စာရှင် - အောင်လောင်ငှက်
ဗီဒီယိုကို Mingala News မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
အောင်လောင်ငှက်တွင် (၃၀)စင်တီမီတာ ရှည်လျားသော နှုတ်သီးကြီးတစ်ခုနှင့် ကြီးမား၍ ဗြက်ကျယ်သော အမောက်တစ်ခု ပါရှိသည်။ အမောက်သည် အလယ်နားတွင် အနည်းငယ် ချိုင့်ဝင်သွားပြီး အစွန်းတွင် ချိုနှစ်ခု မို့ထွက်နေသကဲ့သို့ ဖြစ်သွားသည်မှာ ကြံ့၏ နှာခေါင်းထက်ရှိ ချိုကြီးအလား ဟိတ်ဟန်ရှိလှပေသည်။
အောင်လောင်ငှက်များသည် ချစ်ခြင်းမေတ္တာအပေါ် သစ္စာစောင့်သိတတ်ကြသည်။ ၎င်းတို့သည် ကြင်ယာဖက်ကို ရှာတွေ့သွားလျှင် တစ်လင်တစ်မယားစနစ်ကို စွဲမြဲစွာ ကျင့်သုံးကြပြီး နောက်မျိုးဆက်များကို မေတ္တာအပြည့်ဖြင့် ဂရုစိုက်ကျွေးမွေး စောင့်ရှောက်ပျိုးထောင်ကာ မိမိ၏ လက်တွဲဖော်နှင့်အတူ သက်ဆုံးတိုင် ပေါင်းသင်းနေထိုင်ကြပါသည်။
သစ္စာတရားကြီးမားသော အောင်လောင်ငှက်များကို ကြည့်ရှုလေ့လာရန် ယူနန်ပြည်နယ်မှ သင့်အား ဖိတ်ခေါ်ကြိုဆိုလျက် ရှိပါသည်။
ဓာတ်ပုံများကို အင်တာနက်မှ ကူးယူဖော်ပြထားပါသည်။