မြစ်ဝါမြစ်သို့ အလည်တစ်ခေါက် - လှပသောတွေ့ဆုံမှု (၂)
ဗီဒီယိုကို ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
မော့ကောင်းလိုဏ်ဂူ (Mogao)
(ကန်းစုပြည်နယ်(Gansu) တွန်းဟွမ်မြို့(Dunhuang))
ရှန်းလူတောင်ထွတ် (Xianglu)
(ဆန်ရှီးပြည်နယ်(Shaanxi) ယွီလင်မြို့(Yulin))
ကျိုကျိုက်ကိုး သဘာဝရှုမျှော်ခင်း (Jiuzhaigou)
(စီချွမ်ပြည်နယ်(Sichuan))
မြစ်ဝါမြစ်သည် တရုတ်လူမျိုးတို့၏ မိခင်မြစ် ဖြစ်သည်။ မြစ်ဝါမြစ်ယဉ်ကျေးမှုဆိုသည်မှာ တရုတ်လူမျိုးများ၏ အရေးပါလှသော မိခင်မြစ်ယဉ်ကျေးမှုပင် ဖြစ်ပြီး မြစ်ဝါမြစ်ဝှမ်းဒေသ၏ ယဉ်ကျေးမှုနှင့် ခရီးသွားအရင်းအမြစ်များမှာ များပြားစုံလင်လှပေသည်။
မြစ်ဝါမြစ်ဝှမ်းဒေသ၏ အထင်ကရ ခရီးသွားနေရာများမှာ မရေတွက်နိုင်လောက်အောင်ပင် များပြားလွန်းလှသည်။ သဘာဝရှုမျှော်ခင်း အသွင်သဏ္ဌာန် စုံလင်ပြီး နှင်းတောင်၊ ရေတိမ်ဒေသ၊ မြက်ခင်းပြင်၊ ရေတံခွန် အစရှိသည့် အမျိုးမျိုးသော မြေမျက်နှာသွင်ပြင်များနှင့် ယဉ်ကျေးမှုအမွေအနှစ်များ စုစည်းတည်ရှိလျက် ရှိပါသည်။
အခုပဲ လှပသော မြစ်ဝါမြစ်ဆီ အလည်တစ်ခေါက် သွားရောက်ကြရအောင်လားရှင်။