၂၀၂၂ ခုနှစ် တရုတ်ခရီးသွားလုပ်ငန်းနေ့ “လျှာဖျားထက်က ပိုးလမ်းမ - ရှင်းကျန်းစားကောင်းသောက်ဖွယ်ခရီးစဉ်” ရုပ်သံမှတ်တမ်းတို
မိတ်ဆက်ဗီဒီယို
ပိုးလမ်းမကြီးသည် ကုန်သွယ်ရေးလမ်းကြောင်း၊ ယဉ်ကျေးမှုဖလှယ်ရေးလမ်းကြောင်း ဖြစ်သကဲ့သို့ အစားအသောက်များ တိုးတက်ပြန့်ပွားရာလမ်းကြောင်းလည်း ဖြစ်ပေသည်။ ရှင်းကျန်းပြည်နယ်(Xinjiang)သည် ယင်း၏ ပထဝီဝင်သဘာဝအရင်းအမြစ် ပေါများကြွယ်ဝမှုနှင့် ယဉ်ကျေးမှုထူးခြားချက် များပြားစုံလင်မှုတို့ကြောင့် သူမတူထူးခြားသည့် အစားအသောက်ယဉ်ကျေးမှုနှင့် ထူးခြားမှုဝိသေသလက္ခဏာများ ကိုယ်စီပြည့်ဝနေသည့် စားသောက်မှုပုံစံအဖြစ် ဖြစ်ပေါ်လာစေသည်။
ပထမပိုင်း - ပိုးလမ်းမကြီး၏ တောင်ဘက်လမ်းကြောင်း
ဤအစီအစဉ်တွင် စားကောင်းသောက်ဖွယ်ရာများ တစ်ခုချင်းစီနှင့် ၎င်းအစားအသောက်များနောက်ကွယ်ရှိ ဇာတ်လမ်းအကြောင်းအရာများကို ဗီဒီယိုပုံစံဖြင့် ရှင်းလင်းတင်ဆက်ထားခြင်းမှတစ်ဆင့် ပိုးလမ်းမကြီး၏ ကုန်သွယ်ကူးသန်းရောင်းဝယ်မှုနှင့် ယဉ်ကျေးမှုပေါင်းစပ်ရောယှက်လာမှုများက အစားအသောက်ယဉ်ကျေးမှုအပေါ် ဖြစ်ပေါ်လာစေသော အရေးကြီးသည့် လွှမ်းမိုးသက်ရောက်မှုများကို ပေါ်လွင်ထင်ရှားစေသည်။ ရှင်းကျန်းပြည်နယ်(Xinjiang)၏ ပေါများကြွယ်ဝသော ထွက်ကုန်အရင်းအမြစ်များ၊ သာယာလှပသော သဘာဝရှုမျှော်ခင်းများ၊ သက်ဝင်လှုပ်ရှားသော ယဉ်ကျေးမှုအသွင်သဏ္ဌာန်များနှင့် အချိန်ကာလရှည်လျားကြာမြင့်စွာ ယဉ်ကျေးမှုများ ပေါင်းစပ်ရောယှက်ရာမှ ဖြစ်ပေါ်လာသည့် ခေတ်မီသော၊ များပြားစုံလင်သော၊ ပွင့်လင်းမြင်သာမှုရှိသော၊ အပြန်အလှန် နားလည်လက်ခံပေးသော ယဉ်ကျေးမှုသွင်ပြင်အခြေအနေများကို တင်ဆက်ပြသထားသည်။
ဒုတိယပိုင်း - ပိုးလမ်းမကြီး၏ အလယ်လမ်းကြောင်း
တတိယပိုင်း - ပိုးလမ်းမကြီး၏ မြောက်ဘက်လမ်းကြောင်း
ရှင်းကျန်းပြည်နယ်(Xinjiang)၏ အများနှင့်မတူ တစ်မူထူးခြားသော အစားအသောက်ယဉ်ကျေးမှုကို လေ့လာကြည့်ရှုရင်း ပရိသတ်ကြီးအား အမြင်နှင့်အရသာခံစားမှု အာရုံနှစ်မျိုးလုံးကို မှန်းဆခံစားနိုင်စေမည် ဖြစ်ပါသည်။