တရုတ်နိုင်ငံရောက် မြန်မာသတင်းထောက် - အွန်လိုင်းတွင် နာမည်ကြီးနေသော ပေကျင်းမြို့ရှိ စာအုပ်ဆိုင်
ဗီဒီယိုကို China Media Group (CMG) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ပေကျင်းမြို့ ချန်မန် (Qianmen) ရှိ “Page One” စာအုပ်ဆိုင်သည် အွန်လိုင်းတွင် နာမည်ကျော်ကြား ရေပန်းစားနေသည့် စာအုပ်ဆိုင်ဖြစ်ပြီး ပေကျင်းမြို့ရှိ အလှဆုံးသော စာအုပ်ဆိုင်များထဲမှ တစ်ဆိုင်လည်း ဖြစ်သည်။ ၎င်းစာအုပ်ဆိုင်သည် စုစုပေါင်း (၃) ထပ်ရှိပြီး တစ်ထပ်နှင့်တစ်ထပ် ဒီဇိုင်းအပြင်အဆင်များ မတူညီသကဲ့သို့ လုပ်ဆောင်ချက်ကဏ္ဍများလည်း ကွဲပြားကြသည်။
ပထမထပ်တွင် ရသစာပေများကို အဓိက ထားရှိပါသည်။ ကျယ်ပြန့်မြင့်မားလှသော နံရံတစ်ခုလုံးကို စာအုပ်စင်များအဖြစ် ပြုလုပ်ထားပြီး နံရံအပြည့် စာအုပ်များ တင်ထားပါသည်။ ဒုတိယထပ်တွင် ကလေးစာအုပ်များနှင့် ကစားစရာပစ္စည်းများ ရှိပြီး သက်သောင့်သက်သာရှိသည့် ထိုင်ခုံနေရာများ ပြင်ဆင်ထားရှိပေးထားသဖြင့် မိဘအုပ်ထိန်းသူများက မိမိတို့ကလေးများနှင့်အတူ စာအုပ်ဖတ်ရှုနိုင်မည် ဖြစ်သည်။
တတိယထပ်၏ ဒီဇိုင်းပြင်ဆင်မှုမှာ အနုပညာဆန်လွန်းလှသည်။ တတိယထပ်တွင် ဖော်ထုတ်တင်ဆက်မှုနှင့် အနုပညာဆိုင်ရာ စာအုပ်စာပေများကို ထားရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အထင်ကရ ခရီးသွားနေရာများအား စုံစုံလင်လင် အသေးစိတ် မိတ်ဆက်ပေးထားသည့် မြန်မာ့ခရီးသွားလာရေးနှင့် ပတ်သက်သော စာအုပ်များကိုလည်း တွေ့ရှိနိုင်ပါသည်။ တတိယထပ်တွင် ကော်ဖီထိုင်သောက်နိုင်သည့် နေရာလည်း ရှိသောကြောင့် လှည့်ပတ်ကြည့်ရှုပြီးသောအခါ ၎င်းနေရာများတွင် ကော်ဖီသောက်ရင်း စာအုပ်ဖတ်ရှု၍ အပန်းဖြေနားနေနိုင်ပါသည်။