၂၀၂၂ ခုနှစ် တရုတ်ခရီးသွားလုပ်ငန်းနေ့ “ပိုးလမ်းမကြီးမှ ပုလဲရတနာ - Kucha နံရံဆေးရေးပန်းချီအနုပညာလက်ရာ” အွန်လိုင်းပုံရိပ်ယောင်ပြပွဲ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-05-20 20:31:37



မိတ်ဆက်ဗီဒီယို


ပိုးလမ်းမကြီးသည် အရှေ့တိုင်းနှင့်အနောက်တိုင်း ယဉ်ကျေးမှုများ ပေါင်းစည်းမှု၊ ဖလှယ်မှုနှင့်  ဆွေးနွေးမှုများ လုပ်ဆောင်ရာ လမ်းမကြီးဖြစ်ပြီး လူသားတို့၏ ဘုံသာယာဝပြောရေးအတွက် အရေးပါသော စွမ်းဆောင်ချက်များကို ပေးစွမ်းခဲ့ပါသည်။ Kucha နံရံဆေးရေးပန်းချီ အနုပညာလက်ရာများသည် ရှေးဟောင်းပိုးလမ်းမကြီး၏ သမိုင်းကြောင်းကို အသက်ဝင်စွာ မှတ်တမ်းတင်ထားခဲ့ပြီး အကြောင်းခြင်းရာများ များပြားစုံလင်လှသောကြောင့် “ပုံပြင်ပင်လယ်ကြီး” ဟူ၍ တင်စားကြလေသည်။


WeChat Image_20220520092128.jpg


ချန်းလိတ်စမ်းချောင်း (Qianlei)


ဤပြပွဲသည် Kucha နံရံဆေးရေးပန်းချီ အနုပညာလက်ရာများကို အဓိက တင်ဆက်ထားပါသည်။ ဒစ်ဂျစ်တယ်ရုပ်ပုံများ၊ ဗီဒီယိုများနှင့် သုတေသနပညာရှင်များ၏ ပုံတူဖန်တီးမှုလက်ရာများဖြင့်  မှန်ကူကွက်ဒီဇိုင်းပုံရိပ်ယောင်ပြခန်းကို ဖန်တီးထားပြီး “ကန္တာရအမွေအနှစ်နေရာများ” ၊ “ခမ်းနားထည်ဝါလှသော တောတောင်ရေမြေရှုမျှော်ခင်းများ” ၊ “ယဉ်ကျေးမှုဂုဏ်ရောင်” ၊ “ခေတ်အဆက်ဆက် လက်ဆင့်ကမ်းအမွေဆက်ခံမှု” စသည့် ကဏ္ဍလေးရပ်မှတစ်ဆင့် အရှေ့တိုင်းနှင့်အနောက်တိုင်း ဆက်ဆံရေးဖလှယ်မှု၊ ယဉ်ကျေးမှုကွဲပြားမှု စသည့် ပိုးလမ်းမကြီးတွင် ထင်ကျန်ရစ်ခဲ့သော အဖိုးတန်ဖြစ်စဉ်များကို ဖော်ထုတ်တင်ဆက်ထားပါသည်။ နံရံဆေးရေးပန်းချီများတွင် ဖော်ပြထားသော ဖြူစင်ရိုးသားမှု၊ သစ္စာစောင့်သိမှု၊ ကိုယ်ကျိုးစွန့်သည့် ကြီးမြတ်မှု၊ ဉာဏ်ပညာထက်မြက်မှုနှင့် အကျင့်သီလကောင်းမြတ်မှုများဆိုင်ရာ ဇာတ်ကြောင်းပုံပြင်များကို တင်ဆက်ရင်း Kucha နံရံဆေးရေးပန်းချီ အနုပညာများထဲမှ “စစ်မှန်မှု၊ အကြင်နာတရားနှင့် အလှတရား” ရှာဖွေမှု၊ ပိုးလမ်းမကြီးဇာတ်ကြောင်းနှင့် “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု (One Belt One Road)” အဆိုပြုချက်၏ သမိုင်းကြောင်းဇာစ်မြစ်များကို ရှင်းလင်းဖော်ပြထားပါသည်။


ကျောက်လိုဏ်ဂူ


WeChat Image_20220520092134.jpg


“ပိုးလမ်းမကြီးမှ ပုလဲရတနာ - Kucha နံရံဆေးရေးပန်းချီအနုပညာလက်ရာ” အွန်လိုင်းပုံရိပ်ယောင်ပြပွဲအကြောင်း အသေးစိတ် သိရှိလိုပါက https://chinaculture.3bsoft.cn/mobile.html သို့ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။