၂၀၂၂ ခုနှစ် တရုတ်ခရီးသွားလုပ်ငန်းနေ့ - “ဧည့်ဝတ်ပျူငှာသော ဆန်းတုန်း” ဗီဒီယိုအတို တင်ဆက်ပြသခြင်း
ယနေ့သည် (၁၂) ကြိမ်မြောက် တရုတ်ခရီးသွားလုပ်ငန်းနေ့ဖြစ်သည်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “ဧည့်ဝတ်ပျူငှာသော ဆန်းတုန်း” ဗီဒီယိုအတို တင်ဆက်ပြသမှုအစီအစဉ်ကို မိတ်ဆက်ကာ အတွဲအဖက် ကိုက်ညီမျှတ၍ အလှရသ ပြည့်ဝသော၊ ရှင်းလင်းမြန်ဆန်၍ ပြေပြစ်ချောမွေ့သော မြင်ကွင်းပုံစံများဖြင့် ဆန်းတုန်းပြည်နယ် (Shandong) ၏ ကာလကြာရှည်သော သမိုင်းကြောင်း၊ ဂုဏ်ရောင်ထွန်းပြောင်သော လူမှုယဉ်ကျေးမှု၊ သာယာကောင်းမွန်သော ဂေဟစနစ်နှင့် ခေတ်မီမြို့ပြကြီး၏ အသွင်သဏ္ဌာန်များကို ဘက်ပေါင်းစုံမှ တင်ဆက်ဖော်ပြထားသည်။
ဤဗီဒီယိုအတိုများတွင် သက်ဝင်လှုပ်ရှားမှုနှင့် ငြိမ်သက်မှုပုံစံတို့ကို ပေါင်းစပ်ထားပြီး တခမ်းတနား ထည်ထည်ဝါဝါ ရှိသကဲ့သို့ အနုစိတ်သေသပ် တင့်တယ်ကြော့ရှင်းနေမှုများလည်း ပါရှိကာ ဒေသထူးခြားချက်ဝိသေသလက္ခဏာများနှင့် ပြည့်နှက်၍ ဘဝရှင်သန်မှုအားများ ပြည့်ဝနေသည့် ဆန်းတုန်းပြည်နယ် (Shandong) အကြောင်းကို ထင်ဟပ်ဖော်ပြထားသည်။