၂၀၂၂ ခုနှစ် တရုတ်ခရီးသွားလုပ်ငန်းနေ့ - မြစ်ဝါမြစ်အလှတရား စီချွမ်၌ရှုစား

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-05-18 14:25:58


WeChat Image_20220517091017.jpg


အကြိုရှုစားခြင်း


၂၀၂၂ ခုနှစ်၊ မေလ (၁၉) ရက်နေ့တွင် ကျရောက်သော “တရုတ်ခရီးသွားလုပ်ငန်းနေ့” အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “မြစ်ဝါမြစ်အလှတရား စီချွမ်၌ရှုစား” ဗီဒီယိုအတိုကို တင်ဆက်ရင်း စီချွမ်ပြည်နယ် (Sichuan) ရှိ မြစ်ဝါမြစ်အလှတရားများကို ဝေမျှသွားမည် ဖြစ်ပါသည်။



မြစ်ဝါမြစ်သည် ချင်းဟိုင်-တိဗက်ကုန်းပြင်မြင့် (Qinghai-Tibet Plateau) ပါးရန်ကာလားတောင် (Bayankala) မှ တသွင်သွင် စီးဆင်းနေသော ရေစီးကြောင်းများ ပေါင်းဆုံမိရာမှ ရေစီးသန်လာပြီး ကန်းစုပြည်နယ် (Gansu) ကို ဖြတ်၍ စီချွမ်ပြည်နယ် (Sichuan) ထဲသို့ စီးဝင်သည်။ ဤတွင်မှ တစ်မူထူးခြားသော မြေမျက်နှာသွင်ပြင်ကြောင့် မြစ်ကြောင်းအကွေ့အကောက်များ ဖြစ်ပေါ်လာပြီး လော့အယ်ကိုက်ကောင်တီ (Ruo'ergai) ၊ အာဗာပြည်နယ်ခွဲ အာဗာကောင်တီ (Aba) ၊ ဆုန်းဖန်းကောင်တီ (Songpan) ၊ ဟုန်ရွမ်ကောင်တီ (Hongyuan) နှင့် ရှေချွီကောင်တီ (Shiqu) စသည့် ကောင်တီ(၅)ခုတို့တွင် ခံ့ထည်လှပသော သဘာဝရှုမျှော်ခင်းများ ဖြစ်တည်လာပါသည်။


WeChat Image_20220519095829.jpg


မြစ်ဝါမြစ်အလှတရား စီချွမ်၌ရှုစား


မြစ်ဝါမြစ်သည် နှစ်ပေါင်းထောင်သောင်းချီ၍ စဉ်ဆက်မပြတ် စီးဆင်းလျက်ရှိရာ စီချွမ်ပြည်နယ် (Sichuan) အတွက်လည်း ခမ်းနားကြီးကျယ်သော ယဉ်ကျေးမှုအမွေအနှစ်များကို မွေးထုတ်ပေးခဲ့ပါသည်။