၂၀၂၂ ခုနှစ် တရုတ်ခရီးသွားလုပ်ငန်းနေ့ - “အာရုံဖမ်းစား ဂန္ထဝင်မြောက်ဓား၊ ခံစားငြိတွယ် စဉ့်စိမ်းတင်ကြွေထည်” လုံချွမ်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ခရီးစဉ်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-05-17 17:11:03



၂၀၂၂ ခုနှစ်၊ မေလ (၁၉)ရက်နေ့တွင် ကျရောက်မည့် တရုတ်ခရီးသွားလုပ်ငန်းနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “အာရုံဖမ်းစား ဂန္ထဝင်မြောက်ဓား၊ ခံစားငြိတွယ် စဉ့်စိမ်းတင်ကြွေထည်” လုံချွမ်(Longquan) ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ခရီးစဉ် အစီအစဉ်ကို မိတ်ဆက်ကာ သင်နှင့်အတူ တရုတ်နိုင်ငံ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ခရီးစဉ်၏ စွဲမက်နှစ်သက်ဖွယ် ယဉ်ကျေးမှုများကို လေ့လာခံစားသွားမည်ဖြစ်သည်။


ကျင်းရွာ(Jin)ဆိပ်ခံတံတား


WeChat Image_20220517091026.png


တရုတ်နိုင်ငံ၏ စဉ့်စိမ်းတင်ကြွေထည်မြို့ငယ်


လုံချွမ်(Longquan) စဉ့်စိမ်းတင်ကြွေထည်များသည် သုံးပြည်ထောင်ခေတ်နှင့် ကျင့်မင်းဆက်ခေတ်တို့တွင် စတင်ပေါ်ပေါက်လာခဲ့ရာမှ စုန့်မင်းဆက်ခေတ်နှင့် ယွမ်မင်းဆက်ခေတ်တို့တွင် တွင်တွင်ကျယ်ကျယ် ထွန်းကားလာခဲ့ပြီး ယနေ့ခေတ်တွင် အသစ်တစ်ဖန် ပြန်လည်ဦးမော့၍ ရေပန်းစားလာသည်။ ၂၀၀၉ ခုနှစ်တွင် လုံချွမ်(Longquan) စဉ့်စိမ်းတင်ကြွေထည်၏ ရိုးရာအိုးဖုတ်သည့် အတတ်ပညာသည် “လူသားမျိုးနွယ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြုအမည်စာရင်း”တွင် ထည့်သွင်းရွေးချယ်ခံခဲ့ရပြီး ထိုအချိန်က ရွေးချယ်ခံရသည့် တစ်မျိုးတည်းသော ကြွေထည်မြေထည် အမျိုးအစားပစ္စည်းဖြစ်သည်။


WeChat Image_20220517091029.png


ကဗျာပန်းချီအလား လုံချွမ်မြို့(Longquan)အလှတရား


ဤဗီဒီယိုတွင် လုံချွမ်မြို့(Longquan) ပေါင်ရှီးကျေးရွာ (Baoxi)ကို စူးစမ်းလေ့လာခြင်းမှ အစပြု၍ လုံချွမ်(Longquan) စဉ့်စိမ်းတင်ကြွေထည်ပြတိုက်၊ သရောင်ကျေးရွာ (Dayao) လုံချွမ်(Longquan) အိုးဖုတ်ဖိုရှေးဟောင်းနေရာဥယျာဉ်၊ အိုးဖုတ်လုပ်သားမှ ရွှံ့စေးများကို သန့်စင်ဆေးကြော၍ ရွှံ့စေးစင်စင်ရရှိစေရန် ဖိသိပ်ကြိတ်နယ်ခြင်းများ ပြုလုပ်နေပုံ၊ စိန်ကွမ်လုံ (Shen Guanglong) ဓားအရောင်းဆိုင်၊ “မငြိမ်းသော အိုးဖုတ်ဖိုမီး” ရိုးရာနဂါးပုံသဏ္ဌာန်အိုးဖုတ်ဖိုဖြင့် မီးဖုတ်သည့် အတတ်ပညာများအား ရိုက်ကူးထားခြင်းမှတစ်ဆင့် ယခုခေတ် စဉ့်စိမ်းတင်ကြွေထည်နှင့် လုံချွမ်(Longquan)ဓားရတနာတို့၏ တိုးတက်ပြောင်းလဲလာမှုနှင့် ယင်းတို့၏ ထူးခြားချက်ဝိသေသလက္ခဏာများကို လေ့လာသိရှိနိုင်မည်ဖြစ်သည်။ ထိုမှတစ်ဆင့် နဂါးပုံသဏ္ဌာန်အိုးဖုတ်ဖိုနှင့် လုံချွမ်(Longquan)ဓားရတနာတို့၏ လက်တွေ့တန်ဖိုးနှင့် ယဉ်ကျေးမှုဆိုင်ရာတန်ဖိုးများကို အသုံးချရေး၊ ရိုးရာနဂါးပုံသဏ္ဌာန်အိုးဖုတ်ဖိုဖြင့် မီးဖုတ်သည့် အတတ်ပညာ၊ စဉ့်စိမ်းတင်ကြွေထည်ယဉ်ကျေးမှုနှင့် ဓားထုလုပ်ဖန်တီးသည့် လက်မှုပညာရပ်တို့ကို ဖော်ထုတ်ရေးနှင့် ထွန်းကားပြန့်ပွားစေရေး၊ ရိုးရာရှေးဟောင်း စဉ့်စိမ်းတင်ကြွေထည်လုပ်ငန်းနှင့် ဓားထုလုပ်ဖန်တီးမှုလုပ်ငန်းတို့အတွက် ယဉ်ကျေးမှုဆိုင်ရာ စိတ်ဝိညာဉ်အသစ်တို့ကို ဖြည့်သွင်းပေးရေးများအတွက် ရည်ရွယ်တင်ဆက်ထားခြင်း ဖြစ်ပါသည်။


စိန်ကွမ်လုံ (Shen Guanglong) ဓားအရောင်းဆိုင်