Visiting China Online - ဖူကျန့်(Fujian)ပြည်နယ် ဖူကျန့်ခရီးစဉ် သာယာပျော်မွေ့ဖွယ်အသွင်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-05-15 19:46:47


ဗီဒီယိုနှင့် ဓာတ်ပုံများကို ဖူကျန့်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။


ဖူကျန့်ခရီးစဉ်  သာယာပျော်မွေ့ဖွယ်အသွင်


ဖူကျိုး(Fuzhou) - ယဉ်ကျေးမှုထွန်းကားရာမြေ


ဖူကျိုး(Fuzhou) - စားကောင်းသောက်ဖွယ် ပေါကြွယ်ဝရာမြေ


“ပင်လယ်ပြင်ကို အမှီသဟဲပြုတည်ရှိ၍ ပင်လယ်ကြောင့် စည်ပင်ဝပြောလာ”သည့် ဖူကျန့်(Fujian)ပြည်နယ်သည်  ရှေးခေတ်ပင်လယ်ရေကြောင်းပိုးလမ်းမကြီး၏ အရှေ့တိုင်းရှိ အစပြုရာနေရာ ဖြစ်သည်။ ဖူကျန့်(Fujian)ပြည်နယ်သည် ယဉ်ကျေးမှုများ အသွင်စုံလင် များပြားကြွယ်ဝပြီး အလယ်ပိုင်းမြေပြန့်ဒေသ ယဉ်ကျေးမှုနှင့် ပင်လယ်ရေကြောင်းယဉ်ကျေးမှုတို့ အပြန်အလှန် ပေါင်းစပ်ရောယှက်ထားခြင်းဖြစ်သည်။



ဖူကျိုး(Fuzhou)မြို့သည် ဖူကျန့်(Fujian)ပြည်နယ်၏ မြို့တော်ဖြစ်ပြီး “ရုန်ချိန်”(Rongcheng) ဟူ၍လည်း ခေါ်စမှတ်ပြုကြသည်။ ၎င်းသည် အမျိုးသားယဉ်ကျေးမှုသမိုင်း ထွန်းကားရာမြို့ဖြစ်ပြီး ခေတ်သစ်တရုတ်နိုင်ငံ၏ အစောဆုံးဖွင့်လှစ်ခဲ့သော ကုန်သွယ်ရေးဆိပ်ကမ်း(၅)ခုအနက်မှ တစ်ခုအပါအဝင်လည်း ဖြစ်ပေသည်။