တရုတ်နိုင်ငံရောက် မြန်မာသတင်းထောက် - စန်းယမြို့၏ လျှပ်စစ်ရထားနှင့် နှစ်ထပ်ဘတ်စ်ကား
ဗီဒီယိုကို China Media Group (CMG) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် (Hainan) ရှိ စန်းယမြို့ (Sanya) သည် အပူပိုင်းဒေသ ပင်လယ်ကမ်းစပ် ရှုခင်းအလှများရှိသည့် နိုင်ငံတကာအဆင့်မီ ခရီးသွားမြို့တစ်မြို့ ဖြစ်သည်။ ဤမြို့တွင် ပြေးဆွဲလျက်ရှိသော ရှုခင်းကြည့်နှစ်ထပ်ဘတ်စ်ကားနှင့် လျှပ်စစ်ရထားတို့သည် သွားလာရေး လွယ်ကူမြန်ဆန်ပြီး သက်တောင့်သက်သာ ရှိလှသည်။
စန်းယမြို့ရှုခင်းကြည့် အပျော်စီး နှစ်ထပ်ဘတ်စ်ကားသည် စီးနင်းလိုက်ပါသည့် ခရီးသည်များ သက်တောင့်သက်သာ ရှိစေရန်အတွက် မြင်ကွင်းကျယ်ခေါင်မိုး၊ Business Class လေယာဉ်ထိုင်ခုံ၊ ကော်ဖီဖျော်စက်၊ ခေါက်စားပွဲငယ်နှင့် တက်ဘလတ် (Tablet) အစရှိသည်တို့ကို ထောက်ပံ့ထားရှိပေးထားပါသည်။
စန်းယမြို့လျှပ်စစ်ရထား၏ ထူးခြားချက်များမှာ စွမ်းအင်ချွေတာခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ သက်တောင့်သက်သာရှိခြင်း၊ ဘေးကင်းလုံခြုံခြင်း စသည်တို့ ဖြစ်သည်။ လျှပ်စစ်ရထား၏ ရထားတွဲ အပြင်ဘက်တွင် စန်းယမြို့၏ ဝိသေသလက္ခဏာများဖြစ်သော သဲသောင်ပြင်နှင့် အုန်းပင်ပုံများ ရေးဆွဲထားပြီး ရထားတွဲ အတွင်းဘက်တွင်လည်း ကောင်းကင်ပြာနှင့် တိမ်လွှာဖြူဒီဇိုင်းများ အလှဆင်ထားခြင်းဖြင့် စန်းယပင်လယ်ကမ်းရိုးတန်းမြို့၏ ထူးခြားချက်များကို ပေါ်လွင်စွာ ဖော်ပြထားပါသည်။