ဇာတိယူနန်မြေ ပန်းတကာ့ အလှထိပ်ခေါင် - တောင်ဇလပ်
ဗီဒီယိုကို Mingala News မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
တောင်ဇလပ်ပန်းသည် ပန်းလောက၏ မျိုးနွယ်စုကြီးတစ်စု ဖြစ်သည်။ ရှေးယခင်မှ ယနေ့အချိန်အထိ စာပေပညာရှင်တို့၏ အရေးအသားများတွင် တောင်ဇလပ်ပန်းအလှကို ဝင့်ကြွားစွာ အမွှမ်းတင် ဖွဲ့နွဲ့ဖော်ပြလေ့ရှိကြပြီး ထန်ခေတ် ကဗျာဆရာကြီး Bai Juyi က "ပန်းတကာ့ အလှထိပ်ခေါင်" ဟူ၍ပင် တင်စားသုံးနှုန်းခဲ့ပါသည်။
တရုတ်နိုင်ငံ၏ ဆန်းပြားလှသော ယူနန်မြေပေါ်တွင် ရှင်သန်ပေါက်ရောက်သည့် တောင်ဇလပ်မျိုးနွယ်စုများအနက် အဆန်းကြယ်ဆုံးသော မျိုးစိတ်မှာ ပင်မြင့်တောင်ဇလပ် ဖြစ်သည်။ ၎င်းသည် တောင်ဇလပ်ပန်းမျိုးစိတ်များအနက် အကြီးဆုံးနှင့် အမြင့်မားဆုံးသော အပင်မျိုးစိတ် ဖြစ်သည်။ ၎င်းတို့အနက်မှ တစ်ပင်သည် နှစ်ပေါင်း(၆၀၀)ကျော် သက်တမ်းရှိနေပြီဖြစ်ပြီး ကမ္ဘာပေါ်ရှိ တောင်ဇလပ်ပန်းမျိုးစိတ်ပေါင်း တစ်ထောင်နီးပါးအနက် ပင်စည်ထုထည် အကြီးမားဆုံးနှင့် အပွင့်အကြီးဆုံး ဖြစ်သည်။ ထို့ကြောင့်ပင် “ပင်မြင့်တောင်ဇလပ်တို့၏ အရှင်သခင်” ဟူ၍ ပြောစမှတ်ပြုကြလေသည်။
ပင်မြင့်တောင်ဇလပ်ပန်းပွင့်ချိန်ရာသီသို့ ရောက်ရှိတိုင်း ကောင်းလီကုံ့(Gaoligong)တောင် နိုင်ငံအဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေတွင် အရောင်လွင်လွင်နှင့် အလှကြွယ်နေသော ပင်မြင့်တောင်ဇလပ်ပန်းများ ပင်လုံးပြည့် ဖူးပွင့်ဝေဆာနေပုံမြင်ကွင်းမှာ အလွန်ပင် ထည်ဝါလှသည်။ ပန်းတကာ့ အလှထိပ်ခေါင် တောင်ဇလပ်ပန်းများ၏ အလှကို ရှုစားရန် ယူနန်ပြည်နယ်မှ သင့်အား ဖိတ်ခေါ်ကြိုဆိုလျက် ရှိပါသည်။
ဓာတ်ပုံများကို အင်တာနက်မှ ကူးယူဖော်ပြထားပါသည်။