Visiting China Online - ကွမ်တုန်းပြည်နယ် နှစ်ပေါင်းထောင်ချီကြာ စည်ပင်ဝပြောသော ပင်လယ်ရေကြောင်းပိုးလမ်းမဝယ်၊ သာယာပျော်ရွှင်ဖွယ် ထာဝရဤနယ်သားအဖြစ်နဲ့ကွယ်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-05-29 13:51:43


ဗီဒီယိုနှင့် ဓာတ်ပုံများကို ကွမ်တုန်းပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



ကွမ်တုန်းပြည်နယ်(Guangdong)သည် နန်လင်တောင်တန်း(Nanling)၏ တောင်ဘက်နှင့် တောင်တရုတ်ပင်လယ်ကမ်းရိုးတန်းပေါ်တွင် တည်ရှိပြီး ပင်လယ်ရေကြောင်းပိုးလမ်းမကြီး၏ အစပြုရာနေရာဖြစ်သည်။ ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်နေရာများ၊ ခေတ်သစ်သမိုင်းဝင်အထင်ကရနေရာများ၊ တော်လှန်ရေးအထိမ်းအမှတ်နေရာများ၊ နာမည်ကျော်တောင်တန်းမြေနှင့် ရှေးဟောင်းဘုရားကျောင်းများ၊ မြစ်ချောင်းအင်းအိုင် သဘာဝရှုမျှော်ခင်းဥယျာဉ်များ၊ ရေပူစမ်းနှင့် ထုံးကျောက်လိုဏ်ဂူများ၊ ကျွန်းစုနှင့် ပင်လယ်ကမ်းခြေများ အစရှိသည်တို့ကို ကွမ်တုန်းပြည်နယ် (Guangdong)တစ်ပြည်လုံးရှိ နေရာအနှံ့အပြားတွင် တွေ့ရှိနိုင်သည်။



ကွမ်တုန်းပြည်နယ်(Guangdong)တွင် သူမတူထူးခြားသော လင်နန်(Lingnan)ယဥ်ကျေးမှုဟူ၍ သတ်မှတ်ခေါ်ဆိုကြသည့် တရုတ်နိုင်ငံတောင်ပိုင်းရှိ နန်လင်တောင်တန်း(Nanling) တောင်ဘက်ဒေသ၏ ရိုးရာဓလေ့ထုံးတမ်း ယဉ်ကျေးမှုများရှိသည်။ ဤနေရာတွင် မူလအရသာစစ်စစ် ကွမ်တုန်း(Guangdong)ဟင်းလျာများနှင့် လမ်းဘေးစားသောက်ဆိုင်များရှိ ဒေသအစားအစာများကို မြည်းစမ်းကြည့်ပြီး “ကွမ်တုန်း(Guangdong)အစားအသောက်”၏ အနှစ်သာရကို လက်တွေ့ခံစားနိုင်ပါသည်။ ပုလဲမြစ်ဝကျွန်းပေါ်ဒေသရှိ မြို့ရွာများသို့ သွားရောက်လည်ပတ်ပြီး ရေပေါ်မြို့ရွာ အငွေ့အသက်များကို လေ့လာခံစားနိုင်သည်။ ကွမ်ကျိုးမြို့(Guangzhou)၊ ရှိန်းကျိန့်မြို့(Shenzhen)နှင့် ကျုးဟိုင်မြို့(Zhuhai) အစရှိသော ခေတ်မီမြို့ကြီးများဆီသို့ ဝင်ရောက်လည်ပတ်ရင်း ကွမ်တုန်းပြည်နယ်(Guangdong)၏ အရာရာအပေါ် လိုက်လျောညီထွေ လက်ခံနိုင်စွမ်းရှိသော၊ စဉ်ဆက်မပြတ် တိုးတက်နေသော ကျယ်ပြောကြွယ်ဝသည့် မေတ္တာတရားများ ရင်ဝယ်ပိုက်ထားမှုတို့ကို ခံစားရစေနိုင်ပါသည်။