တရုတ်နိုင်ငံရောက် မြန်မာသတင်းထောက် - ရှင်းကျန်းလမ်းမထက်က မြန်မာအစီအစဉ်တင်ဆက်သူ၏ ဖက်ရှင်“ပြပွဲ”
ဗီဒီယိုကို China Media Group (CMG) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
တရုတ်နိုင်ငံ ရှင်းကျန်းဒေသ (Xinjiang) ရှိ ဝေဂါ (Uygur) တိုင်းရင်းသားလူမျိုးတို့သည် အဆိုအကများ ကျွမ်းကျင်တတ်မြောက်ကြသည်။ ယင်းလူမျိုးတို့၏ ကကွက်လှုပ်ရှားမှုများသည် များပြားစုံလင်ပြီး အနုသုခုမရသ အလွန်ပြည့်နှက်ကြွယ်ဝလှကာ ပတ်ပတ်လည်အဝိုင်းကခြင်း ခပ်သွက်သွက် ခပ်မြန်မြန်ရှိမှုနှင့် အပြောင်းအလဲ ခပ်များများ ပုံစံများဖြင့် နာမည်ကျော်ကြားသည်။
ဝေဂါတိုင်းရင်းသားလူမျိုးများ၏ လက်ရက်အခင်းများသည် ပုံစံအရဖြစ်စေ၊ အဆင်ဒီဇိုင်း သို့မဟုတ် အရောင်အသွေးအရဖြစ်စေ အားလုံးတွင် တိုင်းရင်းသား ကိုယ်ပိုင်ထူးခြားချက် ဝိသေသလက္ခဏာနှင့် ဒေသဟန်ပန်ဓလေ့တို့ ကြွယ်ဝစွာပါဝင်နေပြီး ပြည်တွင်းပြည်ပတွင် နာမည်ဂုဏ်သတင်း ကျော်စောသည်။
ဝေဂါတိုင်းရင်းသားလူမျိုးတို့၏ ရိုးရာဝတ်စုံသည် အသွင်ပုံစံ ရိုးရှင်းပြီး အလှဆင်အပွင့်အခတ် များပြားစုံလင်၍ အရောင်အသွေး ရွှန်းစိုတောက်ပကာ အဆင်ဒီဇိုင်း ရှေးဆန်ရိုးရှင်းပြီး လက်မှုလက်ရာ သေသပ်လှပလွန်းပေသည်။ အားလုံးပဲ သတင်းထောက်၏ ကင်မရာမြင်ကွင်းနောက်ကိုလိုက်ပြီး ရှင်းကျန်းမြို့၏ လမ်းမထက်သို့ သွားရောက်ကာ ဝေဂါတိုင်းရင်းသားလူမျိုးတို့၏ အရောင်အသွေးစုံလင်သည့် တိုင်းရင်းသားရိုးရာဓလေ့ကို အတူတကွ လေ့လာခံစားကြရအောင်။