တရုတ်နိုင်ငံရောက် မြန်မာသတင်းထောက် - ခရီးလမ်းဖြောင့်ဖြူးစေကြောင်းဆုမွန်ကောင်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-05-08 20:21:40


ဗီဒီယိုကို China Media Group (CMG) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



တရုတ်နိုင်ငံ ချင်းဟိုင်(Qinghai)ပြည်နယ်ရှိ ယုရှု(Yushu)တိဗက်ဒေသသည် ဘာသာရေးအငွေ့အသက်များနှင့် လွှမ်းမိုးပြည့်နှက်လျက်ရှိသည်။ လမ်းမဘေးရှိ ဆုတောင်းအလံများ၊ ဗုဒ္ဓရုပ်ပွားတော်များ၊ ဆုတောင်းကျောက်တုံးများ အစရှိသည်တို့သည် ဤဒေသတွင် နေထိုင်သော ပြည်သူများ၏ ဘာသာတရားကိုင်းရှိုင်းမှုကို ထင်ဟပ်ဖော်ပြနေပါသည်။


172fedaa85186934e9022f10a1c2408a.jpg


အရောင်ငါးမျိုး ဆုတောင်းအလံများကို နေရာတိုင်းတွင် တွေ့မြင်နိုင်ပြီး တိဗက်ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်သူများ၏ အမြင်၌ ဆုတောင်းအလံများ လေနှင့်အတူ တစ်ခါလှုပ်ယမ်းလိုက်တိုင်း ဘုရားစာတစ်ခေါက် ရွတ်ဖတ်ပြီးသည့်အလား မှတ်ယူကာ နတ်များထံ လူတို့၏ လိုအင်ဆန္ဒများကို အမြဲမပြတ် တိုင်တည်၍ နတ်တို့၏ စောင့်ရှောက်မစပေးမှုကို ဆုတောင်းကြသည်။


d840f15875691ec157bffdaf2e0056da.jpg


တိဗက်လူမျိုးများသည် တောင်ကြားလမ်းအဝင်ဝနှင့် ရေစပ်နေရာများတွင် နတ်ဘုရားများနှင့် မိစ္ဆာနတ်ဆိုးများရှိသည်ဟု ယုံကြည်ကြပြီး ဆုတောင်းကျောက်တုံးများပေါ်၌ ရေးထွင်းထားသော စာများသည် မကောင်းဆိုးဝါးမိစ္ဆာများအား ဖယ်ရှားရှင်းလင်းပေးရန်အတွက် နတ်ဘုရားများထံ တောင်းဆုပြုထားခြင်း ဖြစ်သည်။


cf5e94cef0d9f5c5dcab063424dc231a.jpg

e9b1cf28f1873d7d91a1ec4fe6afbc85.jpg