တရုတ်နိုင်ငံရောက် မြန်မာသတင်းထောက် - ကြည်နူးပျော်မွေ့လို့ရယ်၊ ပေကျင်းမြို့၏ ထူးခြားချက်လက္ခဏာ အပြည့်အဝဆုံး “ဟူထုံ့” ရှေးဟောင်းလမ်းကြားလေးများဝယ်
ဗီဒီယိုကို China Media Group (CMG) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ပေကျင်း “ဟူထုံ့” (Hutong) ခေါ် ရှေးဟောင်းလမ်းကြားလေးများသည် ကာလရှည်ကြာပြီဖြစ်သော သမိုင်းကြောင်းမှ ဖြစ်ထွန်းပေါ်ပေါက်လာသော နေရာဖြစ်ပြီး ရှေးဟောင်းပေကျင်းမြို့၏ သမိုင်းဝင်အသွင်အပြင်များကို ထင်ဟပ်လျက်ရှိသည်။ “နန်လော်ကူရှန့်” ခေါ် တောင်ဘက်လော်ကူလမ်းကြားသည် ပေကျင်းမြို့၏ များပြားလှသော ရှေးဟောင်းလမ်းကြားလေးများအနက် လူသိများ နာမည်အကျော်ကြားဆုံးနှင့် လူအစည်ကားဆုံး လမ်းကြားလေးဖြစ်သည်။ ယင်းလမ်းကြားလေးကို ယွမ်မင်းဆက်ခေတ်ကာလတွင် စတင်ဖောက်လုပ်ခဲ့ပြီး နှစ်ပေါင်း (၇၀၀) ကျော်ကြာ သမိုင်းကြောင်းရှိပြီဖြစ်ကာ ယနေ့ထက်ထိတိုင် ယွမ်မင်းဆက်ခေတ်ကာလ ရှေးဟောင်းပေကျင်းမြို့ရှိ “ဟူထုံ့” (Hutong) ခေါ် ရှေးဟောင်းလမ်းကြားလေးများ၏ ဖွဲ့စည်းမှုပုံစံအတိုင်း အပြည့်အဝ မွမ်းမံထိန်းသိမ်းထားဆဲဖြစ်သည်။
ယနေ့အခါတွင် ဤနေရာသည် သက်ဝင်လှုပ်ရှားမှုအပြည့်ရှိသော မြင်ကွင်းများဖြင့် ပြည့်နှက်နေဆဲဖြစ်သည်။ လမ်းသွယ်လမ်းကြားများ၏ ဘေးတစ်ဖက်တစ်ချက်တွင် ဈေးဆိုင်ခန်းများအပြည့်ရှိပြီး ကိုယ်စီထူးခြားချက်များရှိ၍ ရှေးဆန်ရိုးရှင်းသော အဆောက်အဦများသည် ပြိုးပြိုးပြက်ပြက် တောက်ပနေပါသည်။ ရှေးဟောင်းလမ်းသွယ်လမ်းကြားများအကြားတွင် ဖြည်းညင်းစွာလမ်းလျှောက်ရင်း သမိုင်းကြောင်း၏ လောကဓံတရား ပြောင်းလဲမှုကြီးကို မြင်တွေ့ခံစားပြီး ရှေးဟောင်းနှင့်ခေတ်သစ် တရုတ်ယဉ်ကျေးမှုများကို တွေ့ကြုံသိမြင် နားလည်ခံစားနိုင်မည်ဖြစ်သည်။