ဇာတိယူနန်မြေ ကျက်သရေဆောင်ငှက် - ဥဒေါင်းစိမ်းငှက်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-04-23 19:24:20


ဗီဒီယိုကို Mingala News မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



ဒေါင်းငှက်ကို ဇာမဏီငှက်ဟူ၍လည်း ခေါ်ဝေါ်ကြပြီး "ငှက်ဘုရင်" အဖြစ် မှတ်ယူထားကြသည်။ ဒေါင်းငှက်သည် လူအများ နှစ်သက်သည့် ကျက်သရေဆောင်ငှက် ဖြစ်သည်။ ထို့အနက်မှ ဥဒေါင်းစိမ်းငှက်သည် "မင်းတကာ့မင်း" ဖြစ်သည်။ ၎င်းသည် တရုတ်နိုင်ငံ၏ တစ်မျိုးတည်းသော ဒေသရင်းဒေါင်းငှက် ဖြစ်ပြီး ယခုလက်ရှိတွင် ယူနန်ပြည်နယ်၏ တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင်သာ ဖြန့်ကြက်နေထိုင် ကျက်စားလျက် ရှိသည်။


WeChat Image_20220422152000.jpg


ယူနန်ပြည်နယ်ကို ဒေါင်းတို့ဌာနေဟု ဆိုလေ့ရှိကြပြီး ဤတွင်ဆိုသည့် ဒေါင်းမှာ ဥဒေါင်းစိမ်းငှက်ကို ညွှန်းခြင်းဖြစ်သည်။ ၎င်းသည် ယခုလက်ရှိတွင် အဖိုးတန်ရှားပါးပြီး မျိုးသုဉ်းရန် အန္တရာယ် အရှိဆုံးသော တောရိုင်းတိရစ္ဆာန်မျိုးစိတ်များအနက်မှ တစ်မျိုးဖြစ်၍ နိုင်ငံ့ပထမအဆင့် တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံထားရသည်။


WeChat Image_20220422152005.jpg


ယူနန်ပြည်နယ်သို့ လာရောက်၍ တရုတ်နိုင်ငံ၏ ဒေသရင်းမျိုးစိတ်ဖြစ်သော လှပတင့်တယ်သည့် ဥဒေါင်းစိမ်းငှက်များကို ရှုစားကြရန် အားလုံးအား ဖိတ်ခေါ်ကြိုဆိုအပ်ပါသည်။



ဓာတ်ပုံများကို အင်တာနက်မှ ကူးယူဖော်ပြထားပါသည်။