တရုတ်နိုင်ငံရောက် မြန်မာသတင်းထောက် - ယူနန် “နေခြည်နှင်းဆီ” စပျစ်သီး (အစိမ်းရောင် စပျစ်သီး)
ဗီဒီယိုကို China Media Group (CMG) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ယူနန်ပြည်နယ်သည် ရာသီဥတု ကောင်းမွန်ခြင်း၊ နေရောင်ခြည် အလုံအလောက်ရရှိခြင်း အစရှိသည့် အရေးသာသော အကြောင်းအချက်များကြောင့် စိုက်ပျိုးဖြစ်ထွန်းရရှိလာသည့် “နေခြည်နှင်းဆီ” စပျစ်သီးများသည် ကြွပ်ရွလတ်ဆတ် အရည်ရွှမ်းပြီး ချိုမွှေးသင်းပျံ့ အရသာပြည့်စုံကာ အသီးအခွံပါး အတွင်းသားကြွပ်၍ နှင်းဆီနံ့ကြိုင်လှိုင်သဖြင့် ဤပြည်နယ်သည် “နေခြည်နှင်းဆီ” စပျစ်သီး၏ အားသာချက်များရှိ စိုက်ပျိုးထုတ်လုပ်ရာဒေသ ဖြစ်ပေသည်။
နှစ်စဉ် ဇူလိုင်လတွင် “နေခြည်နှင်းဆီ” စပျစ်ခင်းသို့ သင်လျှောက်လှမ်းဝင်ရောက်လာပါက အစိမ်းရောင်ပင်လယ်ပြင်အကြား ရောက်ရှိနေသကဲ့သို့ ခံစားရမည်ဖြစ်သည်။ “စိမ်းရောင်ခြည် ဖန်သလင်း”လေးများ အတွဲလိုက်အခိုင်လိုက် ပြွတ်သီးတွဲလျားချိတ်နေပြီး အလျှံအပယ် ဆွတ်ခူးရယူနိုင်သည့် မြင်ကွင်းကြီးက သင့်မျက်စိရှေ့မှောက်တွင် ခင်းကျင်းပေါ်ထွက်လာသည်မှာ လူကို စိတ်နှလုံးမွေ့လျော်၍ ကြည်နူးမိစေပါသည်။