ဇာတိယူနန်မြေ တောင်ပေါ်ရတနာ - Collybia Cordifolia Fungus မှို
ဗီဒီယိုကို Mingala News မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
Collybia Cordifolia Fungus မှိုသည် ခြကောင်များနှင့် အပြန်အလှန် အကျိုးပြု၍ အတူတကွ ရှင်သန်ကြီးပြင်းသည့် မှိုအမျိုးအစား ဖြစ်ပြီး အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများရှိ တောတောင်များတွင် ရှင်သန်ပေါက်ရောက်လေ့ရှိသည်။ တရုတ်နိုင်ငံ၌ အမျိုးအစားပေါင်း (၃၀) ကျော်ရှိရာ အမျိုးအစား (၂၄) မျိုးသည် ယူနန်ပြည်နယ်တွင် ရှိသည်။
ယူနန်ပြည်နယ်၏ ရာသီဥတု၊ လတ္တီကျုအနိမ့်ပိုင်း၊ မြင့်မားသော ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်နှင့် သဘာဝဂေဟစနစ် များပြားစုံလင်မှုတို့သည် Collybia Cordifolia Fungus မှိုများအတွက် သာလွန်ကောင်းမွန်သည့် ရှင်သန်မှုလိုအပ်ချက်များကို ထောက်ပံ့ပေးစွမ်းပါသည်။ Collybia Cordifolia Fungus မှိုသည် အသားပြည့်တင်း၍ ဝဝဖြိုးဖြိုး ရှိသည်။ မှိုအသားမျှင်များမှာ သေးမျှင်ဖြူဖွေးပြီး ချိုမွှေးလတ်ဆတ်သည်။ ကြော်လှော်သည်ဖြစ်စေ၊ ဆီနှစ်ကြော်သည်ဖြစ်စေ၊ ကင်သည်ဖြစ်စေ၊ နှပ်ချက်သည်ဖြစ်စေ၊ ပေါင်းသည်ဖြစ်စေ၊ ဟင်းရည်ချက်သည်ဖြစ်စေ အရသာအထူးကောင်းမွန်လှပါသည်။
ယူနန်ပြည်နယ်ရှိ Collybia Cordifolia Fungus မှို၏ အရသာထူးကဲမှုသည် စားသုံးသူများအား နှစ်သက်အကြိုက်တွေ့စေပြီး ဈေးကွက်တွင် အရောင်းသွက်စမြဲပင် ဖြစ်သည်။ ကျန်းမာခြင်းနှင့် ကောင်းမွန်သော အရသာကို ပေးစွမ်းသည့်တစ်ချိန်တည်းတွင်ပင် မှိုစိုက်လယ်သမားများကိုလည်း စီးပွားရေးအကျိုးအမြတ်များစွာ ရရှိစေပါသည်။
ဓာတ်ပုံများကို အင်တာနက်မှ ကူးယူဖော်ပြထားပါသည်။